သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတောင်ပိုင်း နေ့ဖက်စစ်ဆင်ရေးတွေ ယာယီရပ်ဖို့ အစ္စရေးကြေညာ


ဂါဇာတောင်ပိုင်းကို ဝင်ရောက်လာတဲ့ အစ္စရေးတင့်ကား (Photo by JACK GUEZ / AFP)
ဂါဇာတောင်ပိုင်းကို ဝင်ရောက်လာတဲ့ အစ္စရေးတင့်ကား (Photo by JACK GUEZ / AFP)

အစ္စရေး-ဟာမတ်စ် စစ်ပွဲကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတဲ့ အရေးပေါ် အကူအညီ လိုအပ်နေသူ ပါလက်စတိုင်းတွေအတွက် ပို့ပေးမယ့် အကူအညီတွေ ပိတ်မိနေတဲ့ပြဿနာ ပြေလည်ရေးအတွက် ဂါဇာတောင်ပိုင်းက လမ်းမှာ နေ့ဘက် တိုက်ပွဲတွေ ယာယီရပ်ထားမယ်လို့ အစ္စရေးစစ်တပ်က ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အစ္စရေး-ဟာမတ်စ် စစ်ပွဲဟာ အခုဆိုရင် ၉ လထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

နည်းဗျူဟာအရ ယာယီ ရပ်စဲမှုလို့ အစ္စရေးက သုံးနှုန်းပြောဆိုထားတဲ့ အစီအစဉ်အရ Rafah ဒေသက ၁၂ ကီလိုမီတာလောက်ရှိတဲ့ လမ်းတလျှောက် အကျုံးဝင်မှာ ဖြစ်ပါတယ်။ ဒါဟာ အစ္စရေးရဲ့ အဓိက မဟာမိတ် အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက တိုက်ခိုက်မှုတွေ ရပ်ဆိုင်းရေး တောင်းဆိုထားတာထက်တော့ သိသိသာသာ နည်းပါးနေတာပါ။

အစ္စရေးတို့ပြောတဲ့အတိုင်း တိုက်ခိုက်မှုတွေ ယာယီဆိုင်းငံ့ထားမယ်ဆိုရင် စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတဲ့ ပါလက်စတိုင်းတွေအတွက် အများအကြီး အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။

ယာယီ တိုက်ခိုက်မှု ရပ်ဆိုင်းတဲ့အစီအစဉ်ဟာ ဒေသစံတော်ချိန် မနက် ၈ နာရီကနေ ညနေ ၇ နာရီအထိ အကျုံးဝင်မှာဖြစ်ပြီး နောက်ထပ် အသိပေးကြေညာချက် မထုတ်ပြန်မချင်း နေ့စဉ် ရပ်ဆိုင်းပေးမယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

Forum

XS
SM
MD
LG