သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ခဲယမ်းပို့ဆောင်ရေးအငြင်းပွားမှု ကန်နဲ့ ဖြေရှင်းနိုင်မယ် အစ္စရေးဝန်ကြီးချုပ်မျှော်လင့်


အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu

အစ္စရေးစစ်တပ်အတွက် အမေရိကန်စစ်လက်နက်ခဲယမ်းပို့ဆောင်မှုနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုနဲ့ အငြင်းပွားနေတာကို မကြာခင် ဖြေရှင်းနိုင်မယ် ယုံကြည်တယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ပြောပါတယ်။

လွန်ခဲ့တဲ့လေးလလောက်က အစ္စရေးကို အမေရိကန်ကပေးပို့တဲ့ ခဲယမ်းမီးကျောက်တွေ သိသိသာသာ ကျင်းဆင်းလာခဲ့ပြီး ဒီကိစ္စအပေါ် မကြာခင် ဖြေရှင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း အစ္စရေးဝန်ကြီးချုပ်က ဝန်ကြီးအဖွဲ့အစည်းအဝေးမှာ ပြောခဲ့တာပါ။ လက်နက်ခဲယမ်းတွေ ပိုပြီး မြန်မြန်ဆန်ဆန်ပေးပို့နိုင်ဖို့ အဆင့်မြင့်အစည်းအဝေးတွေနဲ့ နေရာတိုင်းမှာ အစ္စရေးဘက်က အမေရိကန်တာဝန်ရှိသူတွေကို ဆွေးနွေးပြောဆိုခဲ့တယ်လို့ အစ္စရေးတာဝန်ရှိသူတွေက ပြောပါတယ်။

လအတန်ကြာခဲ့ပေမယ့် အခြေအနေတွေ ပြောင်းမလာတာကြောင့် ဒီကိစ္စကို အများသိအောင်ပြောဖို့ ဆုံးဖြတ်လိုက်တယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။ အမေရိကန်တာဝန်ရှိသူတွေဘက်ကတော့ အစ္စရေးဝန်ကြီးချုပ် ပြောဆိုချက်အပေါ် သူတို့ သတိမပြုမိတဲ့အကြောင်း တုံ့ပြန်ခဲ့ကြပါတယ်။ ဂါဇာစစ်နဲ့ပတ်သက်လို့ ဆွေးနွေးဖို့ အစ္စရေးကာကွယ္ရေးဝန်ကြီး အမေရိကန်ကို သွားနေစဉ်မှာပဲ အစ္စရေးဝန်ကြီးချုပ်ရဲ့ အခု မှတ်ချက်စကားထွက်လာတာပါ။

ဂါဇာက ဟာမတ်စ်တွေနဲ့တိုက်နေတဲ့ အစ္စရေးစစ်မှာ အမေရိကန်ဟာ အဓိက လက်နက်ထောက်ပံ့ပေးနေသူပါ။ ဒါပေမယ့်လို့ အစ္စရေးအဆိုပြုတယ်ဆိုတဲ့ သီတင်းခြောက်ပတ်ကြာ အပစ်ရပ်ဖို့နဲ့ ဖမ်းထားတဲ့ဓါးစားခံတွေ ပြန်လွတ်ရေးအတွက် သမ္မတ Joe Biden က အခြေခံမူချခဲ့ပါတယ်။ ဟာမတ်စ်ဘက်ကတော့ သဘောတူညီချက်မှန်သမျှဟာ စစ်အဆုံးသတ်ရေးဖြစ်ရမယ်လို့ တောင်းဆိုပြီး ဒါကိုတော့ အစ္စရေးဘက်က ပယ်ချခဲ့ပါတယ်။

အစ္စရေးကို အမေရိကန်က ဆက်ထောက်ပံ့နေတယ်ဆိုပေမယ့်လည်း အစ္စရေးဝန်ကြီးချုပ်ရဲ့ စစ်ရေးဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ အမေရိကန်ဘက်က စိတ်ပျက်မှုတွေ တိုးလာနေပါတယ်။

Forum

XS
SM
MD
LG