သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာစစ်ကြီးကြပ်ရေးအဖွဲ့ အစ္စရေးဝန်ကြီးချုပ် ဖျက်သိမ်း 

အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu (ဇွန် ၈၊ ၂၀၂၄)
အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu (ဇွန် ၈၊ ၂၀၂၄)

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကသူ့ရဲ့ ဂါဇာ စစ်ကြီးကြပ်ရေးအဖွဲ့ကို တနင်္လာနေ့မှာ ဖျက်သိမ်းလိုက်တယ်လို့ အစ္စရေးအရာရှိတဦးက ပြောပါတယ်။ ဗဟိုဝါဒီတဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း Benny Gantz ပြီးခဲ့တဲ့သီတင်းပတ်မှာ နုတ်ထွက်သွားပြီးတဲ့နောက် ဒါဟာ မျှော်လင့်ထားပြီးသား ဆုံးဖြတ်ချက်တခုလည်းဖြစ်ပါတယ်။

စစ်ပွဲစတင်ခဲ့တဲ့ အောက်တိုဘာလအစောပိုင်း စစ်တွင်း အစိုးရအဖွဲ့ ဖွဲ့စည်းချိန်မှာ Nethanyahu ရဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့မှာ Gentz ဝင်လာခဲ့တာပါ။ Gantz နုတ်ထွက်သွားတဲ့အတွက် Nethanyahu က ဂါဇာစစ်ကြီးကြပ်ရေးအဖွဲ့ကို ဖျက်သိမ်းလိုက်တာလည်းဖြစ်ပါတယ်။ ဒါဟာအစ္စရေးအစိုးရရဲ့ ပြည်တွင်းဆောင်ရွက်ချက်သာဖြစ်တဲ့အတွက် အမေရိကန်ပြည်ထောင်စုကတော့ Netanyahu နဲ့ ဆက်လက်ဆက်သွယ်ဆောင်ရွက်သွားမယ်လို့ သမ္မတအိမ်ဖြူတော်က တနင်္လာနေ့မှာ ပြောပါတယ်။

အစ္စရေးလ်အစိုးရအဖွဲ့မှာ ဘယ်သူတွေပါဝင်သင့်သလဲဆိုတာ အမေရိကန်နိုင်ငံဘက်က ဆုံးဖြတ်ဖို့မဟုတ်ဘူးလို့ နိုင်ငံခြားရေးဌာနပြောခွင့်ရ Matthew Miller ကသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါပေမယ့်လည်း ပါလက်စတိုင်းပြည်သူတွေကိုသာမက အစ္စရေးလ်ရဲ့လုံခြုံရေးအတွက် အလုပ်မဖြစ်ဘူးလို့ ယူဆရတဲ့မူဝါဒတွေကိုတော့ အမေရိကန်က သဘောမတူကြောင်း လူသိရှင်ကြား ပြောဆိုသွားမယ်လို့ Miller ကဆိုပါတယ်။

အစ္စရေးလ်ရဲ့ လက်ယာစွန်းဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးမေးမြန်းချက်ကို ပြောခွင့်ရသူ Miller က အဲဒီလို တုံ့ပြန်ဖြေကြားသွားတာဖြစ်ပါတယ်။ အစ္စရေးလ်မှာ ဂါဇာ စစ်ကြီးကြပ်ရေးအဖွဲ့ထားရှိတာ ထိုက်တန်မှုရှိပါတယ်လို့ အမေရိကန်က ပြောထားပါတယ်။

ဂါဇာစစ်ကြီးကြပ်ရေးအဖွဲ့ အစ္စရေးဝန်ကြီးချုပ်ဖျက်သိမ်း
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG