သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ အပစ်အခတ်ရပ်ရေး အမေရိကန် ဒုသမ္မတတောင်းဆို


အမေရိကန် ဒုသမ္မတ Kamala Harris
အမေရိကန် ဒုသမ္မတ Kamala Harris

အမေရိကန် ဒုသမ္မတ Harris ဟာ အစ္စရေးအစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးဖြစ်တဲ့ Benny Gantz နဲ့ ဒီကနေ့ မတ်လ ၄ ရက်နေ့မှာ သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ရှိကြောင်း သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။ တွေ့ဆုံမှုအတွင်း ဂါဇာမှာ ပါလက်စတိုင်းတွေ ထိခိုက် သေဆုံးနေတဲ့ အခြေအနေ၊ ယာယီအပစ်အခတ်ရပ်စဲရေးနဲ့ ဖမ်းခံထားရတဲ့ ဓားစာခံတွေ ပြန်လွတ်ရေးကိစ္စတွေကို အဓိကထား ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ မနေ့ မတ်လ ၃ ရက်နေ့တုန်းကတော့ ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ဖို့ ဒုသမ္မတ Harris က အစ္စရေးကို ဖိအားပေး တောင်းဆိုခဲ့ပါတယ်။

“ဂါဇာမှာ ကြုံတွေ့နေရတဲ့ ကြီးမားလှတဲ့ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အနည်းဆုံး သီတင်းပတ် ၆ ပတ်လောက် ချက်ခြင်း အပစ်ရပ်ကြဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် အဆိုပြုထားပြီးလဲ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ဓားစာခံတွေ ပြန်လွတ်အောင် လုပ်ဆောင်နိုင်သလို စားနပ်ရိက္ခာ အထောက်အပံ့တွေလည်း ပို့ပေးနိုင်မှာ ဖြစ်ပါတယ်” - လို့ ဒုသမ္မတ Harris က မနေ့ မတ်လ ၃ ရက်နေ့က ပြောသွားတာပါ။

ဒါဟာ အမေရိကန်အစိုးရထိပ်တန်း ခေါင်းဆောင်တဦးအနေနဲ့ ဂါဇာကအခြေအနေတွေ လျော့ပါးသွားစေရေးအတွက် အစ္စရေးရဲ့ လုပ်ရပ်တွေအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်မှာ လူမဆန်တဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့နေရတဲ့အပြင် စာနာမှုဆိုင်ရာ ကပ်ဘေးကြီးနဲ့ ရင်ဆိုင်နေရတာကြောင့် အစ္စရေးအနေနဲ့ စားနပ်ရိက္ခာ အထောက်အပံ့တွေ စီးဆင်းနိုင်အောင် ဒုသမ္မတ Kamala Harris က အစ္စရေးကို ဖိအားပေး တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG