သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ဆွေးနွေးဖို့ ဟာမတ်စ်ကိုယ်စားလှယ်တွေ အီဂျစ်ရောက်


အစ္စရေးလ်စစ်တပ်တွေ ဂါဇာကမ်းမြောင်ဒေသမှာ စစ်ဆင်ရေးဝင်နေစဥ်။ (မတ်လ ၃၊ ၂၀၂၄)
အစ္စရေးလ်စစ်တပ်တွေ ဂါဇာကမ်းမြောင်ဒေသမှာ စစ်ဆင်ရေးဝင်နေစဥ်။ (မတ်လ ၃၊ ၂၀၂၄)

ဂါဇာ အပစ်အခတ်ရပ်စဲရေးဆွေးနွေးဖို့ ဟာမတ်စ်ကိုယ်စားလှယ်အဖွဲ့ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ကို တနင်္ဂနွေနေ့မှာ ရောက်ရှိနေကြပါတယ်။

ငါးလထဲရောက်လာပြီဖြစ်တဲ့ ဂါဇာဒေသထဲကစစ်ပွဲကို သီတင်းပတ်နဲ့ချီ အပစ်အခတ်ရပ်စဲနိုင်ရေး ဆွေးနွေးပွဲကို အစ္စရေးလ်ကိုယ်စားလှယ်တွေ တက်ရောက်မလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမရှိပါဘူး။ သီတင်း ၆ ပတ်ထိ အပစ်အခတ်ရပ်စဲဖို့ အမေရိကန်ပြည်ထောင်စုကတော့ တိုက်တွန်းချက်ကို အစ္စရေးလ်ဘက်ကလည်း သဘောတူထားသလို ဟာမတ်စ်တို့ဘက်က သဘောတူဖို့ပဲလိုပါတော့တယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက သီတင်းတပတ်ကြာ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းမှာတော့ ဒါပထမဆုံးသဘောတူညီမှုကို သက်တမ်းတိုးနိုင်ရေးကြိုးပမ်းချက်လည်းဖြစ်ပါတယ်။

အပစ်ရပ်ရေးအဆိုပြုချက်ထဲမှာတော့ ဟာမတ်စ်တို့လက်ထဲ ကျန်နေသေးတဲ့ ဒါဇင်နဲ့ချီတဲ့ဓားစားခံနဲ့ အစ္စရေးလ်တို့ဖမ်းထားတဲ့ ရာနဲ့ချီတဲ့ ပါလက်စတိုင်းသားတွေနဲ့ လဲလှယ်ပေးရေးလည်း ပါဝင်ပါတယ်။ အမေရိကန်အရာရှိတဦးကတော့ အပစ်အခတ်ရပ်စဲရေးဟာ သူ့လမ်းကြောင်းပေါ်ကိုရောက်နေပြီး သဘောတူညီချက်မူဘောင်တရပ်လည်း ချမှတ်ထားပါတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမယ့်လည်း ကိုင်ရိုမြို့ကိုရောက်နေတဲ့ ဟာမတ်စ်ကိုယ်စားလှယ်တဦးကတော့ သဘောတူညီမှုတွေ မရသေးဘူးလို့ ရိုက်တာသတင်းကို ပြောပါတယ်။

အစ္စရေးလ်ကိုယ်စားလှယ်တွေဘက်က ဆွေးနွေးပွဲတက်ရောက်မယ်ဆိုတဲ့ အတည်ပြုချက်လည်း မရသေးပါဘူး။ ဟာမတ်စ်တို့ဖမ်းထားတဲ့ အသက်ရှင်လျက်ရှိနေတဲ့ ဓားစာခံအားလုံးရဲ့နာမည်ကို အစ္စရေးလ်တို့တောင်းဆိုထားတယ်ဆိုတဲ့ သတင်းလည်းထွက်နေတာပါ။ ပါလက်စတိုင်းသတင်းရင်းမြစ်တခုကတော့ အဲဒီတောင်းဆိုချက်က အချိန်စောလွန်းနေတဲ့အတွက် ဟာမတ်စ်တို့ဘက်က သဘောမတူဘူးလို့ ပြောပါတယ်။

ဂါဇာအပစ်ရပ်ဆွေးနွေးဖို့ ဟာမတ်စ်ကိုယ်စားလှယ်တွေ အီဂျစ်ရောက်
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG