သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဂါဇာအရေးညှိနှိုင်းမှုခရီး ရလဒ်မထွက်ခဲ့


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဝဲ-ဒု) အစ္စရေးစစ်ဘက်အကြီးအကဲဟောင်း အပါအဝင်f အစ္စရေး ကာကွယ်ရေးဝန်ကြီးဟောင်း Benny Gantz (ယာ) နဲ့ နှစ်ဘက်အဖွဲ့ဝင်များနဲ့ တွေ့ဆုံဆွေးနွေးခဲ့စဥ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဝဲ-ဒု) အစ္စရေးစစ်ဘက်အကြီးအကဲဟောင်း အပါအဝင်f အစ္စရေး ကာကွယ်ရေးဝန်ကြီးဟောင်း Benny Gantz (ယာ) နဲ့ နှစ်ဘက်အဖွဲ့ဝင်များနဲ့ တွေ့ဆုံဆွေးနွေးခဲ့စဥ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ဟာ သူ့ရဲ့ အရှေ့အလယ်ပိုင်း ဒေသခရီးစဉ်မှာ လက်ရှိ ၄ လကြာသည်အထိဖြစ်ပွါးနေတဲ့ အစ္စရေး- ဟာမတ်စ် စစ်ပွဲ အပစ်ရပ်ရေးအတွက်ရော၊ စစ်သွေးကြွတွေဖမ်းထားတဲ့ ဓါးစားခံတွေထပ်လွှတ်ပေးဖို့အတွက်ပါ သဘောတူညီမှုအသစ် တစုံတရာမရဘဲ ကြာသပတေးနေ့မှာ ဝါရှင်တန်ဒီစီကို ပြန်ရောက်လာပြီဖြစ်ပါတယ်။

အစ္စရေး-ဟာမတ်စ် စစ်ပွဲရပ်ဆိုင်းသွားနိုင်သလို အဖမ်းခံနေရတဲ့ ဓါးစားခံ (၁၀၀) လောက်လည်း ပြန်လွတ်လာဖို့ရှိတယ်လို့ ဝန်ကြီး Blinken ကရော တခြားအမေရိကန်အရာရှိတွေကပါ ပြောနေဆဲပါ။ ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတော့ ဟာမတ်စ်တွေ ဂါဇာကမ်းမြောင်ဒေသကို ဆက်ထိန်းချုပ်ဖို့ စီစဉ်နေတာဟာ စိတ်ကူးယဉ်နေတာဖြစ်ပြီး အစ္စရေးတပ်တွေက နိုင်အောင် တိုက်ခိုက်မှာ ဖြစ်ကြောင်း ပြောပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဂျော်ဒန်ဘုရင် ဒုတိယမြောက် အဗ္ဗဒူလာကို ဝါရှင်တန်ဒီစီမှာ တနင်္လာနေ့ကျရင် ဧည့်ခံတွေ့ဆုံပြီး အစ္စရေး-ဟာမတ် စစ်ပွဲအတွက် အဖြေရှာရေး ဆွေးနွေးမှာဖြစ်ကြောင်း သမ္မတအိမ်ဖြူက ကြေညာပါတယ်။ ဝန်ကြီး Blinken ဟာ အစ္စရေး စစ်တပ်အကြီးအကဲဟောင်းတွေဖြစ်တဲ့ Benny Gantz နဲ့ Gabi Eisenkot အပါအဝင် ဝန်ကြီးချုပ် Netanyahu ရဲ့စစ်ရေးဆိုင်ရာ ဝန်ကြီးများအဖွဲ့က အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ ပြီး စစ်ပွဲကိစ္စအပြင် ဓါးစားခံတွေ လွတ်မြောက်ရေးကိုပါ ဦးစားပေးဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ကြာသပတေးနေ့မှာပဲ ဟာမတ်ကိုယ်စားလှယ်အဖွဲ့ဟာ အီဂျစ်နဲ့ ကာတာအရာရှိတွေနဲ့ ညှိနှိုင်းဆွေးတွေးပွဲကို ကိုင်ရိုမှာ ဆက်လက်ကျင်းပနေတယ်လို့ ဟာမတ်စ် အကြီးတန်းအရာရှိတဦးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG