သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်း ကိုယ်ပိုင်အုပ်ချုပ်နိုင်စွမ်းမဖျက်ဆီးဖို့ ကန်သတိပေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အရှေ့အလယ်ပိုင်းခရီးစဥ်အတွင်း အစ္စရေးသမ္မတ Isaac Herzog နဲ့ တဲလ်အဗစ်မြို့က ကမ်ပန်စကီဟိုတယ်မှာ တွေ့ဆုံစဥ်။ (ဇန်နဝါရီ ၉၊ ၂၀၂၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အရှေ့အလယ်ပိုင်းခရီးစဥ်အတွင်း အစ္စရေးသမ္မတ Isaac Herzog နဲ့ တဲလ်အဗစ်မြို့က ကမ်ပန်စကီဟိုတယ်မှာ တွေ့ဆုံစဥ်။ (ဇန်နဝါရီ ၉၊ ၂၀၂၄)

ပါလက်စတိုင်းတွေရဲ့ သူတို့ဘာသာသူတို့ အုပ်ချုပ်နိုင်စွမ်းကို ဖျက်ပစ်နေတာရပ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်န်ကန်က အစ္စရေးကို တောင်းဆိုလိုက်ပါတယ်။
ပါလက်စတိုင်းနိုင်ငံထူထောင်ရေးလမ်းကြောင်း ရှိနေမှသာ ပဋိပက္ခလွန်ဂါဇာမှာ ပြန်လည်ထူထောင်ရေးအတွက် ဒေသတွင်းတိုင်းပြည်တွေက ရင်းနှီးမြှုပ်နှံကြလိမ့်မယ်လို့ မစ္စတာဘလင်ကန်က အင်္ဂါနေ့မှာ ပြောပါတယ်။ ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ ကာတာ၊ ယူအေအီးနဲ့ တူရကီတို့က အဲဒီလို ပြန်လည်တည်ဆောက်ရေးကို သဘောတူကြတယ်လို့ ဆိုပါတယ်။
အင်္ဂါနေ့က အစ္စရေးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ အခြေအနေပေးတာနဲ့ ပါလက်စတိုင်းတွေ အိမ်ပြန်ကြရမယ်ဆိုတာ ရှင်းရှင်းပြောခဲ့ကြောင်း၊ သူတို့နယ်မြေရဲ့ပြင်ပမှာ အခြေချရေး အဆိုပြုချက်မှန်သမျှကို အမေရိကန်က ပယ်ချမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒီ အဆိုပြုချက်ကို အစ္စရေး လက်ယာညွန့်ပေါင်းအဖွဲ့ထဲက အစွန်းရောက် လက်ယာအုပ်စုက ပြောနေတာ ဖြစ်ပါတယ်။ အစ္စရေးနဲ့ ငြိမ်းချမ်းရေးယူပြီး အတူယှဥ်တွဲ နေထိုင်ကာ ပါလက်စတိုင်းပြည်သူတွေကို ဦးဆောင်မှုပေးနိုင်တဲ့ ပါလက်စတိုင်း ခေါင်းဆောင်တွေရဲ့တွဲဘက်အဖြစ် အစ္စရေးက ဖြစ်ရပါမယ်လို့လည်း မစ္စတာ ဘလင်ကန်က ဆိုပါတယ်။
အစ္စရေးကို ဘလင်ကန်ရောက်ရှိနေစဥ်အတွင်း အစ္စရေးနိုင်ငံမြောက်ပိုင်း ဆာဖက်မြို့ရှိ မြောက်ပိုင်းစစ်ဌာနချုပ်ကို ဟက်ဇ်ဘိုလာတို့က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပေမဲ့ ဖမ်းယူသိရှိခဲ့တာကြောင့် အပျက်အစီးမရှိဘူးလို့ အစ္စရေးစစ်တပ်က အင်္ဂါနေ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG