သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘလင်ကန်ရဲ့ အရှေ့အလယ်ပိုင်းခရီး ပဋိပက္ခ ထိန်းချုပ်နိုင်ဖို့ မျှော်လင့်

US Secretary of State Blinken and Turkish President Erdogan met in Istanbul
US Secretary of State Blinken and Turkish President Erdogan met in Istanbul

ဘလင်ကန်ရဲ့ အရှေ့အလယ်ပိုင်းခရီး ပဋိပက္ခ ထိန်းချုပ်နိုင်ဖို့ မျှော်လင့်


စစ်ကြောင့် ပျက်စီးနေတဲ့ ဂါဇာကမ်းမြှောင်ကို အကူအညီတွေ ပိုမို ပို့ပေးနိုင်ဖို့ ၊ သံတမန်လမ်းကြောင်းက အပြင်းအထန် ကြိုးပမ်းရင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အရှေ့အလယ်ပိုင်းကို ရောက်ရှိနေပါတယ်။

ဒေသတွင်း တင်းမာမှု လျော့ပါရေး ၊ အစ္စရေး ဟာမတ်စ် စစ်ပွဲ မကျယ်ပြန့်ရေး ရည်ရွယ်ချက်တွေအတွက် ဝန်ကြီး Blinken ဟာ စနေနေ့တုန်းက တူရကီနဲ့ ဂရိ ခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပါတယ်။

အစ္စရေးရဲ့ ဂါဇာအပေါ် စစ်ရေးလုပ်ရပ်တွေကို အပြင်းအထန် ဝေဖန်သူ တူရကီ သမ္မတ Recep Tayyip Erdogan နဲ့ တွေ့ဆုံရာမှာ ၊ ပဋိပက္ခ ထိန်းချုပ်နိုင်ရေး ၊ ဓါးစာခံတွေ လွတ်မြောက်ရေး ၊ စာနာမှု အထောက်အပံ့ သယ်ဆောင်တဲ့ ထရပ်ကားတွေ ဂါဇာကို ပိုမိုဝင်ရောက်ရေး စတာတွေ − ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ပြောခွင့်ရက ဆိုပါတယ်။

ဒါ့အပြင် ပါလက်စတိုင်းနိုင်ငံတခု ထူထောင်နိုင်ရေးနဲ့အတူ အစ္စရေးရဲ့ လုံခြုံမှု အာမခံချက်ရှိစေမယ့် ငြိမ်းချမ်းရေး အစီအစဥ်တရပ် ချမှတ်ဖို့ကိုလည်း အလေးအနက် ဆွေးနွေးခဲ့ပါတယ်။

အစ္စရေးတို့ရဲ့ ဟာမတ်စ် ဖယ်ရှားတိုက်ဖျက်ရေး အောင်မြင်ပြီး ဂါဇာအုပ်ချုပ်ရေးနဲ့ လုံခြုံရေးကိစ္စကိုလည်း အလေးထား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဝန်ကြီး Blinken ဟာ ဂျော်ဒန်၊ ကာတာ၊ UAE အာရပ်စော်ပွားများ ပြည်ထောင်စု ၊ ဆော်ဒီအာရေဗီးယား၊ အစ္စရေး၊ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းနဲ့ အီဂျစ် တို့ကိုလည်း ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ်။

အမေရိကန်ဟာ ဂါဇာက ပါလက်စတိုင်းတွေကို အတင်းဖယ်ရှား မောင်းထုတ်တာကို ဆန့်ကျင်ကြောင်း ကြေညာထားပြီး ၊ စစ်ပြီးကာလ ပါလက်စတိုင်း နယ်မြေဆိုင်ရာ လမ်းပြမြေပုံတရပ်ကိုလည်း ရေးဆွဲနေပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG