သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဝန်ကြီး Blinken အစ္စခေါင်းဆောင်တွေနဲ့ ဂါဇာအရေး ဆွေးနွေး

အစ္စရေးနိုင်ငံ Tel Aviv မြို့တော်မှာ အစ္စရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဇန်နဝါရီ ၉၊ ၂၀၂၄)
အစ္စရေးနိုင်ငံ Tel Aviv မြို့တော်မှာ အစ္စရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဇန်နဝါရီ ၉၊ ၂၀၂၄)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဒီကနေ့ Tel Aviv မှာတွေ့ဆုံပြီး ဂါဇာပဋိပက္ခနဲ့ တင်းမာမှုတွေ ‌လျှော့ချနိုင်ရေးနဲ့ ရှေ့ဆက် ဂါဇာ အနာဂါတ်ရေး ဆွေးနွေးပါတယ်။ တချိန်ထဲမှာပဲ အစ္စရေးက ဂါဇာကမ်းမြှောင်ဒေသမှာ ဆက်ပြီးတိုက်ခိုက်နေတာပါ။ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလည်း ခက်ခဲနေပါတယ်။

ဂါဇာမှာ တိုက်ပွဲတွေ အဆုံးသတ်ဖို့နဲ့ အစ္စရေးနဲ့ အတူ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အမေရိကန်က တိုက်တွန်းနေပေမဲ့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က ဒါကို လက်မခံဘဲ ဟားမတ်စ် အကြမ်းဖက်တွေကို အပြီးသတ်ချေမှုန်းသွားမယ်လို့ ပြောဆိုထားပါတယ်။ အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေအတွင်း အရပ်သားတွေကို မထိခိုက်ဘဲ ဟာမတ်စ် အကြမ်းဘက်တွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်ဖို့နဲ့ ထိုးစစ်အရှိန်လျှော့ဖို့ကို အမေရိကန်က အစ္စရေးကို ဖိအားပေးတောင်းဆိုခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း ဝန်ကြီး Blinken က ဂါဇာကမ်းမြောင်ဒေသတွင်း စစ်ပွဲတွေ ပိုကျယ်ပြန့်မလာအောင်တားဆီးဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးပို့ရေး အစီအစဉ်တွေကိုလည်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

စစ်ပွဲအပြီး ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေး ကူညီနိုင်ဖို့ အာရပ်နိုင်ငံ ၄ နိုင်ငံနဲ့ တူရကီတို့က ကတိတွေရခဲ့တဲ့အကြောင်းလည်း အစ္စရေး-ဟာမတ်စ် စစ်ပွဲတွေအဆုံးသတ်ရေး အရှေ့အလယ်ပိုင်းနိုင်ငံတွေကို သွားရောက် တွေ့ဆုံဆွေးနွေးတဲ့ ဝန်ကြီး Blinken က ပြောပါတယ်။

ကန်ဝန်ကြီး Blinken အစ္စခေါင်းဆောင်တွေနဲ့ ဂါဇာအရေး ဆွေးနွေး
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG