သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလေကြောင်းတိုက်ခိုက်မှု ဟက်ဇ်ဘိုလာတပ်မှူးတဦး သေဆုံး


ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးတောင်ပိုင်းကနေ ဗုံးကြဲတိုက်ခိုက်ထားတဲ့မြင်ကွင်း။ (ဇန်နဝါရီ ၇၊ ၂၀၂၄)
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးတောင်ပိုင်းကနေ ဗုံးကြဲတိုက်ခိုက်ထားတဲ့မြင်ကွင်း။ (ဇန်နဝါရီ ၇၊ ၂၀၂၄)

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်တောင်ပိုင်းမှာ အရေးပါတဲ့ ဟက်ဇ်ဘိုလာတပ်မှူးတယောက် တနင်္လာနေ့ မှာ သေဆုံးသွားခဲ့ပါတယ်။ SUV အမျိုးအစား ကားကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့ တပ်မှူး ဝစ်ဆမ်အယ်တာဝီ (Wissam al-Tawil) ဟာ တောင်ပိုင်းက ဟက်ဇ်ဘိုလာ စစ်ဆင်ရေးတွေကို ဦးဆောင်နေရာက ပါဝင်နေတယ်လို့ လုံခြုံရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

အစ္စရေးကလည်း ပစ်မှတ်ကိုထိခဲ့တယ်လို့ တနင်္လာနေ့မှာ ပြောခဲ့ပေမဲ့ တာဝီနဲ့ ပတ်သက်လို့ ဖော်ပြ ပြောဆိုတာမရှိပါဘူး။ ပြီးခဲ့တဲ့အပတ်တုန်းကလည်း အစ္စရေးက လက်ဘနွန်မှာတိုက်ခိုက်ခဲ့တာကြောင့် ဟာမတ်စ် ဒုတိယခေါင်းဆောင် ဆာလေး အယ် အရူရီ (Saleh al-Arouri) သေဆုံးခဲ့ပါသေးတယ်။ အရူရီ သေဆုံးခဲ့တာကို တုံ့ပြန်မယ်လို့ ဟက်ဇ်ဘိုလ ခေါင်းဆောင် Hassan Nasrallah က ပြောဆိုခဲ့ပြီး နောက်နေ့ မှာ အစ္စရေးရဲ့ လေကြောင်းထိန်းသိမ်းမှုစခန်းကို ဟက်ဇ်ဘိုလာက စနေနေ့က တိုက်ခိုက်ခဲ့တဲ့အတွက် နောက်ထပ်စစ်ပွဲတရပ် ပေါ်လာနိုင်တာကို အစ္စရေးစစ်တပ်က တနင်္ဂနွေနေ့က သတိပေးလိုက်ပါတယ်။

"ဒီ ပဋိပက္ခက အလွယ်တကူ ပျံ့နှံ့သွားနိုင်ပြီး ပိုပြီး မလုံခြုံ၊ ပိုပြီး ဒုက္ခများစေနိုင်ပါတယ်" လို့ ကာတာနိုင်ငံနဲ့ဆွေးနွေးပွဲအပြီးမှာ အမေရိကန်နိုင်ငံခြား‌ရေးဝန်ကြီး ဘလင်န်ကန် က သတင်းထောက်တွေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG