သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းအရပ်သားတွေ နေရပ်ပြန်နိုင်ရေး ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း


ကာတာဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီး Sheikh Mohammed bin Abdulrahman al-Thani (ယာ) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ ဒိုဟာမှာ သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီ ၇၊ ၂၀၂၄)
ကာတာဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီး Sheikh Mohammed bin Abdulrahman al-Thani (ယာ) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ ဒိုဟာမှာ သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီ ၇၊ ၂၀၂၄)

ဂါဇာကအရပ်သားတွေကိုကာကွယ်ရေးနဲ့ အခု ဖြစ်နေတဲ့စစ်ကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရသူတွေ အိမ်ပြန်နိုင်အောင် အစ္စရေးက လုပ်ကိုလုပ်ရမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။

“အခြေအနေကခွင့်ပြုတာနဲ့ ပါလက်စတိုင်းအရပ်သားတွေ အိမ်ပြန်နိုင်ကြရပါမယ်။ ဂါဇာကထွက်သွားဖို့ ဖိအားမပေးနိုင်သလို မပေးရပါဘူး” လို့ ကာတာဝန်ကြီးချုပ် ရှိတ် မိုအာမက် ဘင် အက်ဘ်ဒူရာမန် အယ် သန်နီ (Sheikh Mohammed bin Abdulrahman Al Thani) နဲ့ အတူ ဒိုဟာမှာလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဘလင်န်ကန်က ပြောခဲ့တာပါ။ ဂျော်ဒန်ဘုရင် ဒုတိယမြောက် အဘက်ဒူလာ (Abdullah II) နဲ့ ကာတာစော်ဘွား ရှိတ် တမင်းဘင် အယ်သန်နီ (Sheikh Tamim bin Hamad Al Thani) တို့နဲ့တွေ့ဆုံတုန်းကလည်း အရပ်သားတွေ အသေအပျောက်ဒဏ်ရာရတာနည်းအောင် အစ္စရေးကလုပ်ဖို့လိုအပ်ပြီး ဂါဇာက ပါလက်စတိုင်းတွေဆီ လူသားချင်းစာနာမှုအကူအညီတွေ အရေအတွက် တိုးပြီးကူညီဖို့ လိုအပ်တာကိုလည်း ဘလင်န်ကန်က ပြောပါတယ်။

ဒါပေမဲ့ အာရပ်နိုင်ငံတွေကတောင်းဆိုထားတဲ့ အပစ်အခတ်ရပ်စဲရေးကိုတော့ ဘလင်န်ကန်ကငြင်းဆိုလိုက်ပြီး အစ္စရေးကို ထောက်ခံခဲ့ပါတယ်။ ဘလင်န်ကန်ဟာ ယူအေအီး၊ ဆော်ဒီအာရေဗျ၊ အစ္စရေး၊ အနောက်ဘက်ကမ်းနဲ့ အီဂျစ်နိုင်ငံတွေဆီ သွားရောက်ဦးမှာ ဖြစ်ပါတယ်။ စစ်စကတည်းက ဒါဟာ သူ့ရဲ့လေးကြိမ်မြောက် အရှေ့အလယ်ပိုင်းခရီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG