သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး၊ ဟာမတ်စ်အရေး ဆွေးနွေးဖို့ ဝန်ကြီးဘလင်ကန် အရှေ့အလယ်ပိုင်းဒေသ သွားမည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken

အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့အကြားဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ သံတမန်ရေးနည်းလမ်းအရ ဆွေနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေးအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ဒီကနေ့ သွားရောက်မှာဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတွေက မနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။​

ဝန်ကြီး Blinken ခရီးစဉ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။ အစ္စရေးနဲ့ Hezbollah အကြား လတ်တလော ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ လျော့ကျရေး ကြားဝင်ဆောင်ရွက်ပေးဖို့ အမေရိကန် အထူးသံတမန် Amos Hochstein လည်း အရှေ့အလယ်ပိုင်းဒေသကို သွားရောက်မယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။​

ဒီအတောအတွင်း အမေရိကန်သမ္မတ Joe Biden ကလည်း စာနာမှုဆိုင်ရာ အကူအညီတွေ ဂါဇာဒေသကို ပို့နိုင်ရေးနဲ့ ဟာမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွတ်ရေးကိစ္စတွေကို အခုရက်ပိုင်းအတွင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ တယ်လီဖုန်းကတဆင့် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။​

တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG