သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတောင်ပိုင်းကို အစ္စရေး ပြောင်းလဲ ထိုးစစ်ဆင်

FILE - Israeli soldiers take part in a ground operation in Gaza City's Shijaiyah neighborhood, Dec. 8, 2023.
FILE - Israeli soldiers take part in a ground operation in Gaza City's Shijaiyah neighborhood, Dec. 8, 2023.

ဂါဇာဒေသမြောက်ပိုင်းက ဟာမတ်စ်အဖွဲ့ရဲ့ စစ်ဖက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ဖြိုခွင်းလိုက်ကြောင်း အစ္စရေးစစ်တပ်က ပြောဆိုလိုက်ပါတယ်။ ထိုးစစ်တွေကို ပိတ်ဆို့ဝန်းရံထားတဲ့ ဂါဇာဒေသ တောင်ပိုင်းဘက်ကို အပြည့်အဝ ပြောင်းရွှေ့မယ်လို့လည်း အစ္စရေး၊ ဟာမတ်စ် စစ်ပွဲ ၄ လပြည့်တဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ကြေညာလိုက်တာပါ။

ဂါဇာမြောက်ပိုင်းက တပ်တွေအားလုံးကို ပြန်ရုပ်မှာလားဆိုတာကိုတော့ အစ္စရေးစစ်တပ်က မပြောပေမဲ့ အောင်မြင်မှုတွေကို ဆက်လက်တိုးချဲ့ပြီး၊ အစ္စရေး ဂါဇာနယ်စပ်တလျှောက် လုံခြုံရေးအတွက် ခိုင်မာအောင် ဆောင်ရွက်မယ်လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ အစ္စရေးနိုင်ငံ ခရီးစဉ် မတိုင်ခင်မှာပဲ အစ္စရေးစစ်တပ်ရဲ့ ကြေညာချက်ထွက်ပေါ်လာတာပါ။ ဝန်ကြီးဘလင်ကန် အပါအဝင် အမေရိကန်သမ္မတ Joe Biden အစိုးရ တာဝန်ရှိသူတွေကတော့ ဂါဇာဒေသမှာ ပါလက်စတိုင်း အရပ်သားတွေ သေကျေထိခိုက်မှု လျော့ပါးအောင် အစ္စရေးရဲ့ စစ်ဆင်ရေးတွေ အရှိန်လျှော့ဖို့နဲ့ ဟာမတ်စ်အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းကို အဓိက ပစ်မှတ်ထားဖို့ ထပ်တလဲလဲ တိုက်တွန်းထားပါတယ်။

အစ္စရေးစစ်တပ်ကတော့ မကြာသေးခင် သီတင်းပတ်တွေကစ ဂါဇာမြောက်ပိုင်းမှာ စစ်ရှိန်လျှော့လာနေပြီး တောင်ပိုင်းဒေသကို ထိုးစစ်ဆင် ဖိအားပေးနေပါတယ်။

This item is part of
XS
SM
MD
LG