သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ဂါဇာမှာ အစ္စရေးစစ်အင်အား လျှော့ချနိုင်ဖို့ ဆောင်ရွက်နေ” ကန်သမ္မတ


တောင်ကာရိုလိုင်းနားပြည်နယ်မှာ မဲဆွယ်စည်းရုံးရေးဆင်းခဲ့တဲ့ သမ္မတဂျိုးဘိုင်ဒန်
တောင်ကာရိုလိုင်းနားပြည်နယ်မှာ မဲဆွယ်စည်းရုံးရေးဆင်းခဲ့တဲ့ သမ္မတဂျိုးဘိုင်ဒန်

ဂါဇာက အစ္စရေးစစ်အင်အားတွေလျှော့ချပြီး ထွက်ခွာသွားနိုင်ဖို့ သူလုပ်ဆောင်နေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။

တောင်ကာရိုလိုင်းနားပြည်နယ်၊ ချာလ်စတန်မြို့က ဘုရားကျောင်းမှာ မဲဆွယ်စည်းရုံးရေး စကားပြောကြားစဥ် သမ္မတဘိုင်ဒန်က ခုလိုပြောခဲ့တာပါ။ ဂါဇာမှာ “ခု အပစ်အခတ်ရပ်စဲ” လို့ ဆန္ဒပြသူတွေက ကြွေးကြော်တောင်းဆိုကြတဲ့ စိတ်ခံစားချက် ကို သူ နားလည်ကြောင်းလည်း သမ္မတဘိုင်ဒန်က ပြောပါတယ်။

နယူးယောက်မြို့ကြီးမှာတော့ ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြသူတွေက မြေအောက်လှိုဏ်ဂူလမ်းတလမ်းနဲ့ တံတား ၃ စင်းကို ပိတ်ဆို့ဆန္ဒပြကြပါတယ်။ ဒီ လမ်းတွေ က မဟတ်တန်နဲ့ နယူးယောက်ရဲ့ အခြားနေရာနဲ့ ဝန်းကျင်ကို ဆက်ထားပေးတာပါ။ ဘရွတ်ကင်းဘက်သွားတဲ့တံတားပေါ်ကလမ်းကို ပိတ်ဆို့ ဆန္ဒပြနေကြသူတွေက ပါလက်စတိုင်းလွတ်လပ်ရေးကို ကြွေးကြော်ကြပါတယ်။

နယူးယောက်နဲ့နယူးဂျာစီကို ဆက်ပေးတဲ့ ဟော်လန်မြေအောက်လှိုဏ်လမ်း၊ မဟတ်တန်နဲ့ ဘရွတ်ကလင်းကို ဆက်ပေးတဲ့ Manhattan နဲ့ Williamsburg တံတားတွေမှာ ဆန္ဒပြနေသူတွေကို ရဲက လမ်းပိတ်ဆို့မှုနဲ့ ဖမ်းဆီးပါတယ်။ မနက် ၁၁ နာရီမှာ လမ်းတွေရှင်းပေးနိုင်ခဲ့ပြီး ဆန္ဒပြပွဲက တနာရီကျော် ကြာခဲ့တယ်လို့ ရဲက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG