သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအရေး ပါရီမှာ ဆွေးနွေးမည်


David Barnea
David Barnea

ပါလက်စတိုင်း စစ်သွေးကြွတွေ ဆက်လက်ထိန်းသိမ်းထားတဲ့ လက်ကျန်ဓားစာခံတွေ ပြန်လွတ်ပေးရေး ဆွေးနွေးဖို့ အစ္စရေး ထောက်လှမ်းရေးအဖွဲ့ မော့ဆက် အကြီးအကဲ David Barnea ဟာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကို ရောက်ရှိနေပါတယ်။

လူပေါင်းတသန်းလောက် ခိုလှုံနေကြတဲ့ ဂါဇာကမ်းမြောင် တောင်ပိုင်း Rafah မြို့ကို အစ္စရေးရဲ့ စစ်ရေးအရ ထိုးစစ်ဆင် တိုက်ခိုက်မယ့်အရေးကို ရှောင်ရှားနိုင်ဖို့ မျှော်လင့်ချက်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးသူတွေ ပါရီမြို့ကို ရောက်နေကြတာပါ။

ဂါဇာကမ်းမြောင်က နေရာအတော်များများကို အစ္စရေးက မနေ့ သောကြာနေ့ကစပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၀ ကျော် ပြုလုပ်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၉၂ ယောက် သေဆုံးခဲ့တယ်လို့ ဟာမတ်စ်အဖွဲ့လက်အောက်ခံ ဂါဇာ ကျန်းမာရေးဌာနက ပြောပါတယ်။

အပစ်ရပ်ရေး သဘောတူညီချက် မကြခင်မှာ မရဘူးဆိုရင် တိုက်ခိုက်မှုတွေ ဆက်လုပ်သွားမယ်လို့ အစ္စရေးက ပြောပါတယ်။ အဲဒီလို တိုက်ခိုက်မှု ပြုလုပ်ခဲ့ရင် အရပ်သားသေဆုံးမှုတွေ အများအပြား ဖြစ်နိုင်တာမို့ မတိုက်ဖို့ အစ္စရေးကို အမေရိကန်က တိုက်တွန်းထားပါတယ်။

ဒီအတောအတွင်း အပစ်ရပ်ရေးကိစ္စ ဆွေးနွေးဖို့အတွက် ဟာမတ်စ်အဖွဲ့ခေါင်းဆောင် Ismail Haniyeh အီဂျစ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ဒါဟာ ဟာမတ်စ်အဖွဲ့ခေါင်းဆောင်အနေနဲ့ ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် အီဂျစ်ကို သွားရောက်တာလည်း ဖြစ်ပါတယ်။

Forum

XS
SM
MD
LG