သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတောင်ပိုင်း အရပ်သားတွေကယ်ထုတ်ရေးအစီအစဉ် အစ္စရေးထုတ်ပြန်


ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာမြို့ကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်နေတာကြောင့် တနိုင်တပိုင်ထုတ်ပိုးပြီး အိုးအိမ်စွန့်ခွါ ထွက်ပြေးကြတဲ့ ပါလက်စတိုင်းများ။ (ဖေဖေါ်ဝါရီ ၂၄၊ ၂၀၂၄)
ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာမြို့ကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်နေတာကြောင့် တနိုင်တပိုင်ထုတ်ပိုးပြီး အိုးအိမ်စွန့်ခွါ ထွက်ပြေးကြတဲ့ ပါလက်စတိုင်းများ။ (ဖေဖေါ်ဝါရီ ၂၄၊ ၂၀၂၄)

ဂါဇာတောင်ပိုင်း Rafah မြို့မှာခြေကုတ်ယူထားတဲ့ ဟာမတ်စ်တို့ကို မြေပြင်ထိုးစစ်မဆင်ခင် အဲဒီကထောင်ပေါင်းများစွာသောအရပ်သားတွေ ဘေးလွတ်ရာရှောင်တိမ်းနိုင်မယ့်အစီအစဥ်တရပ်ကို အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရုံးက တနင်္လာနေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီကအရပ်သားတွေကို ရွှေ့ပြောင်းမယ့်နေရာကိုတော့ ပြောမထားပါဘူး။

အစ္စရေးလ်ရဲ့ အဓိကမဟာမိတ် အမေရိကန်ပြည်ထောင်စုကတော့ အီဂျစ်နိုင်ငံနယ်စပ်အနီး Rafah မြို့က ဒေသခံ ပါလက်စတိုင်းသားတွေ လုံခြုံဘေးကင်းအောင် မဆောင်ရွက်နိုင်သေးခင် မြေပြင်ထိုးစစ်ဆင်တာမလုပ်ဖို့ သတိပေးထားပါတယ်။ အစ္စရေးလ်ဝန်ကြီးချုပ် နေတန်ယာဟုကတော့ Rafah မြို့က ဟာမတ်စ်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ရင် သီတင်းပတ်အတွင်း စစ်ပွဲအောင်နိုင်မယ်လို့ပြောပါတယ်။ တနင်္လာနေ့မှာ ဝန်ကြီးချုပ်ရုံးကထုတ်ပြန်တဲ့ အစီအစဥ်ထဲမှာ ပါလက်စတိုင်းပြည်သူတွေကို ရွှေ့ပြောင်းမယ့်နေရာ အသေးစိတ်မပါသလို အီဂျစ်နိုင်ငံကလည်း သူ့နယ်စပ်ပေါက်တွေကို ဖွင့်မပေးနိုင်ဘူးလို့ ပြောပါတယ်။

အောက်တိုဘာ ၇ ရက်က ဟာမတ်စ်တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ အစ္စရေးဖက်က လူပေါင်း ၁,၂၀၀ သေဆုံးခဲ့ပြီးတဲ့နောက် မြေထဲပင်လယ်တလျှောက် ကျဉ်းမြောင်းတဲ့နယ်မြေပေါ်က ဂါဇာဒေသကို အစ္စရေးလ်ဘက်က အကြီးအကျယ် တန်ပြန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG