သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ရာဖာမှာ ၆၀ ကျော်သေ


ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာမြို့မှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ကားတစီးကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄)
ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာမြို့မှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ကားတစီးကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄)

ဂါဇာဒေသတောင်ပိုင်း ရာဖာမြို့ကို အစ္စရေးရဲ့ ဒီနေ့လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၆၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံကျန်းမာရေး တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ဗုံးဒဏ်ကို အပြင်းအထန်ခံနေရပြီး အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း လူနေအိမ်တွေနဲ့ ဗလီတွေ အများအပြားကို ထိမှန်ခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

အစ္စရေးစစ်တပ်ကတော့ ရာဖာမြို့မှာရှိတဲ့ အကြမ်းဖက်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။ စစ်ဆင်ရေးတွေနဲ့အတူ ဟာမတ်စ်စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ အစ္စရေးဓားစာခံ ၂ ဦးကိုလည်း ကယ်တင်ခဲ့တာပါ။ ဂါဇာဒေသက ဓားစာခံတွေ အိမ်ပြန်နိုင်မယ့် အခွင့်အလမ်းကို လက်လွတ်ခံမှာ မဟုတ်ဘူးဆိုပြီး အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဓားစာခံကယ်တင်နိုင်ခဲ့တဲ့ စစ်ဆင်ရေးကို ချီးကျူးခဲ့ပါတယ်။ အပြည့်အ၀ အောင်ပွဲရတဲ့အထိ စစ်ရေးအရ ဆက်လက်ဖိအားပေးမှသာ ဓားစာခံတွေအားလုံးလွတ်မြောက်နိုင်မယ်လို့လည်း ဝန်ကြီးချုပ် Netanyahu က ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့တာပါ။

လေးလကျော်ကြာမြင့်လာပြီဖြစ်တဲ့ စစ်ပွဲအတွင်း အရပ်သားတွေကို ဘေးလွတ်ရာ ပြောင်းကြဖို့ အစ္စရေးက အကြိမ်ကြိမ် အမိန့်ထုတ်ခဲ့ပြီး တောင်ပိုင်းဒေသကို တဖြည်းဖြည်း တွန်းထုတ်ခဲ့ရာကအခုဆိုရင် ရာဖာအနီးတဝိုက် ကုလသမဂ္ဂကဖွင့်လှစ်ထားတဲ့ စခန်းတွေမှာ လူတွေပြည့်ကျပ်နေပါတယ်။ ဒီလူတွေ ဘေးကင်းသွာနေနိုင်ဖို့အတွက်လည်း နိုင်ငံတကာက စိုးရိမ်မှုတွေ တိုးလာနေတာပါ။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် Meinie Nicolai က ရာဖာမှာ ထိုးစစ်တွေကို ရပ်တန့်ဖို့ ဒီနေ့ပဲ အစ္စရေးဘက်ကို တောင်းဆိုခဲ့သလို၊ အပစ်အခတ် ရပ်စဲရေးကို ထိန်းတားနိုင်ဖို့ နိုင်ငံတကာကိုလည်း တောင်းဆိုထားပါတယ်။ လက်ရှိမှာတော့ အစ္စရေး၏ တန်ပြန်ထိုးစစ်ကြောင့် ဂါဇာမှာ လူပေါင်း ၂၈,၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဟာမတ်စ်ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG