သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတောင်ပိုင်း Khan Younis ဆေးရုံတွင်း အစ္စရေးစစ်ဆင်ခဲ့


အစ္စရေးရဲ့ ပြင်းထန်တဲ့ထိုးစစ်တွေရှိနေတဲ့ ဂါဇာကမ်းမြောင်ဒေသ Khan Younis မြို့မှာ စားစရာရဖို့ တန်းစီနေသူများ။
အစ္စရေးရဲ့ ပြင်းထန်တဲ့ထိုးစစ်တွေရှိနေတဲ့ ဂါဇာကမ်းမြောင်ဒေသ Khan Younis မြို့မှာ စားစရာရဖို့ တန်းစီနေသူများ။

ဂါဇာတောင်ပိုင်း Khan Younis မြို့က Nasser ဆေးရုံကြီးဝင်းထဲမှာ ကြာသပတေးနေ့က စစ်ဆင်ရေးလုပ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒီစစ်ဆင်ရေးကနေ တဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ဂါဇာက ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

ဟာမတ်စ်တွေက ဓါးစားခံတွေကို ဒီဆေးရုံမှာဖမ်းထားသလို ဒီဆေးရုံဝင်းထဲမှာလည်း သေဆုံးသွားတဲ့ဓါးစာခံတွေရဲ့ အလောင်းတွေရှိနိုင်ကြောင်း ယုံကြည်ရတဲ့ ထောက်လှမ်းရေးသတင်း အစ္စရေးစစ်တပ်က ရထားတယ်လို့ အစ္စရေးကာကွယ်ရေးဌာန IDF က ကြေညာချက်ထုတ်ပြန်ပါတယ်။ ဟာမတ်စ်တွေဖမ်းထားတဲ့ဓါးစာခံတွေကို ရှာဖွေကယ်ထုတ်ပြီး နေရပ်ပြန်ပို့ဖို့ အခုလိုလုပ်နေတာဖြစ်ပြီး အရပ်သားတွေကိုမထိခိုက်စေချင်ကြောင်းနဲ့ ဟာမတ်စ်တွေ ဘယ်မှာပုန်းပုန်း ရှာဖွေသုတ်သင်မှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် ဟာမတ်စ်တွေဟာ ပါလက်စတိုင်းအရပ်သားတွေကို လူသားဒိုင်းသဖွယ် အသုံးပြုနေတယ်လို့ IDF က ထပ်မံစွပ်စွဲခဲ့သလို ဒေသခံတွေ အဲဒီနေရာတဝိုက် မလာကြဖို့လည်း အစ္စရေးတပ်တွေက သတိပေးထားပါတယ်။

ဟာမတ်စ်တွေရဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီဆေးရုံကို အန္တရာယ်ရှိတယ်လို့ ကျန်းမာရေးတာဝန်ခံတွေ သတိပေးနေပေမယ့် အစ္စရေး လက်ဖြောင့်တပ်သားတွေကပစ်ခတ်နေတဲ့အတွက် အဲဒီနေရာကနေ ဒေသခံတွေ ထွက်လို့မရဘဲဖြစ်နေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပြောထားပါတယ်။

နယ်စည်းမခြား ဆေးပညာရှင်များအဖွဲ့ MSF ကတော့ ဘေးလွတ်ရာထွက်ခွါဖို့ အစ္စရေးဘက်ကထုတ်ပြန်တဲ့အမိန့်ကို ရှုတ်ချလိုက်ပြီး သူ့ဝန်ထမ်းတွေဟာ အဲဒီဆေးရုံမှာ လူနာတွေကိုကုသပေးနေရတာကြောင့် ထွက်ခွါလို့ မရတဲ့ အခြေအနေဖြစ်နေကြောင်း ပြောပါတယ်။ ရာဖာမှာ ထိုးစစ်မဆင်ဖို့ နိုင်ငံတကာကတောင်းဆိုနေတဲ့ ကြားကပဲ အစ္စရေးဝန်ကြီးချုပ် Netanyahu ကတော့ ဒီမြို့မှာ အစ္စရေးစစ်တပ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်မှာဖြစ်ကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG