သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Khan Younis အပေါ် အစ္စရေး စစ်ရှိန်မြှင့်လာမှု ကုလ အထူးစိုးရိမ်


Israeli soldiers operate in a location given as Khan Younis
Israeli soldiers operate in a location given as Khan Younis

Khan Younis အပေါ် အစ္စရေး စစ်ရှိန်မြှင့်လာမှု ကုလ အထူးစိုးရိမ်

ဂါဇာဒေသမှာ သောကြာနေ့ကလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေပြီး တညထဲမှာတင် လူပေါင်း ၁၀၅ ယောက် သေဆုံးခဲ့ရတယ်လို့ ဂါဇာက ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

ဒါဟာ ဂါဇာတောင်ပိုင်းက Khan Younis မြို့ကို အစ္စရေးက လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်တာကြောင့် ဖြစ်ကြောင်း ဟားမတ်စ် သတင်းပြန်ကြားရေး အရာရှိရုံး ပြောကြားချက်ကို AFP သတင်းမှာ ဖေါ်ပြထားပါတယ်။

ရိုက်တာသတင်းမှာတော့ သောကြာနေ့က ဂါဇာတောင်ပိုင်းက Rafah မြို့ရဲ့ ဆင်ခြေဖုံး ဒေသတွေကို အစ္စရေးက ပစ်ခတ် တိုက်ခိုက်ကြောင်းနဲ့ ဒါဟာ စစ်ပွဲစတင်ချိန်ကစပြီး အကြီးဆုံး ထိုးစစ်ဆင်မှု ဖြစ်ကြောင်း ပြောပါတယ်။

အစ္စရေး တပ်တွေ Khan Younis ကို စတင်တိုက်ခိုက် ခဲ့ချိန်ကစပြီး Rafah ဘက်ကို ထွက်ပြေးခိုလှုံတဲ့ ပါလက်စတိုင်းသား သိန်းနဲ့ချီ ရှိနေတာပါ။ ကုလသမဂ္ဂ UN – OCHA ရုံးပြောခွင့်ရ ကတော့ Khan Younis မှာ တိုက်ပွဲ ပြင်းထန်လာတာကို အထူးစိုးရိမ်ကြောငးန့ ဒါဟာ Rafah ဘက်ကို ထွက်ပြေးခိုလှုံသူ ပိုများလာနိုင်ကြောင်း ဂျနီဗာက သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

Rafah ကို ထွက်ပြေးခိုလှုံနေသူက အခုဆို ဂါဇာလူဦးရေ ၂.၃ သန်းထဲက ထက်ဝက်ကျော်လောက် ရောက်နေတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ အဲဒီမှာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ တင်မကပဲ ခိုနားစရာ အတွက်ပါ မလုံမလောက် ဖြစ်နေတယ်လို့ ပြောပါတယ်။

အစ္စရေးရဲ့ သဘောတူညီချက်နဲ့ ပါရီမှာ ရောက်နေတဲ့ အီဂျစ်-ကာတာ- အမေရိကန် ကြားဝင်ဖြန်ဖြေသူတွေ အဆိုပြုထားတဲ့ အပစ်ရပ် သဘောတူညီချက်အတွက် မကြာခင် အကြောင်းပြန်မှာဖြစ်ကြောင်း သောကြာနေ့မှာပဲ ဟားမတ်စ် ခေါင်းဆောင်တွေက ပြောပါတယ်။

XS
SM
MD
LG