သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကို အစ္စရေး အရှိန်မြင့် ထိုးစစ်ဆင်


အစ္စရေးတိုက်ခိုက်ရေးတပ်ဖွဲ့ ဂါဇာဒေသဘက် ပစ်ခတ်နေစဉ် (ဇန်နဝါရီ ၃၁၊ ၂၀၂၄)
အစ္စရေးတိုက်ခိုက်ရေးတပ်ဖွဲ့ ဂါဇာဒေသဘက် ပစ်ခတ်နေစဉ် (ဇန်နဝါရီ ၃၁၊ ၂၀၂၄)

ဂါဇာကမ်းမြှောင်ဒေသမှာ ယာယီအပစ်အခတ် ရပ်စဲဖို့ နိုင်ငံတကာက ထပ်မံတောင်းဆိုနေချိန်မှာပဲ အစ္စရေး စစ်တပ်က ဂါဇာတောင်ပိုင်းရော မြောက်ပိုင်းမှာ ဒီကနေ့ လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တဲ့ ဂါဇာမြို့မှာတော့ စစ်သွေးကြွ ၁၅ ယောက်ကို မြေပြင်စစ်ဆင်ရေးတွေအတွင်း သုတ်သင်နိုင်ခဲ့တယ်လို့လည်း အစ္စရေးက ပြောပါတယ်။

ဂါဇာတောင်ပိုင်းက အဓိကမြို့ကြီးဖြစ်တဲ့ Khan Younis မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် အပြင်းအထန် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။ ဟာမတ်စ်ထိန်းချုပ်ထားတဲ့ ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာနကတော့ အစ္စရေးရဲ့ တန်ပြန်ထိုးစစ်အတွင်း အရပ်သားတွေနဲ့ စစ်သွေးကြွတွေ အပါအဝင် သေဆုံးသူ ၂၆,၉၀၀ အထိ ရှိနေပြီလို့ ပြောပါတယ်။ ဂါဇာဒေသမှာ တိုက်ခိုက်မှုတွေရပ်ဖို့နဲ့ ဟာမတ်စ်စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေး အပါအဝင် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်နဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်ကို ဟာမတ်စ်ခေါင်းဆောင် Ismail Haniyeh သွားလိမ့်မယ်လို့လည်း ခန့်မှန်းနေကြတာပါ။

အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို သုံးသပ်နေကြောင်း ဟာမတ်စ်ခေါင်းဆောင်က မနေ့တုန်းက ပြောဆိုခဲ့သလို၊ ထာဝရငြိမ်းချမ်းရေး ရရှိဖို့နဲ့ ဂါဇာဒေသက အစ္စရေးတပ်တွေ ဆုတ်ခွာဖို့ အရင်ကတည်းက တောင်းဆိုထားတာကိုလည်း အလေးထား ပြောဆိုခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတော့ အစ္စရေးရဲ့ ရည်မှန်းချက်တွေ အပြည့်အ၀ မရမချင်း ဂါဇာက တပ်တွေ ရုတ်မှာမဟုတ်ဘူးလို့ ပြောဆိုထားပြီး အစ္စရေးကို နောက်ထပ်အကြမ်းဖက် တိုက်ခိုက်တာတွေ မလုပ်နိုင်အောင် စစ်သွေးကြွတွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့ ပြောဆိုထားပါတယ်။

ဂါဇာကို အစ္စရေး အရှိန်မြင့် ထိုးစစ်ဆင်
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG