သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ရေး ကန်အကြီးတန်းတာဝန်ရှိသူ ဆွေးနွေးနေ


Iraq Islamic State
Iraq Islamic State

ဟာမတ်စ် ဖမ်းဆီးထားတဲ့ ဓားစာခံတွေလွှတ်ရေးနဲ့ ဂါဇာမှာ ခဏအပစ်ရပ်ရေး အပေးအယူသဘောတူညီချက်အတွက် အမေရိကန် အကြီးတန်းတာဝန်ရှိသူတဦးက အရှေ့အလယ်ပိုင်းမှာ ဆွေးနွေးနေတယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော်က အင်္ဂါနေ့မှာ ပြောပါတယ်။

သမ္မတဂျိုးဘိုင်ဒန်ရဲ့ အရှေ့အလယ်ပိုင်းအကြံပေး ဘရက်ခ် မက်ဂတ်ဂ် (Brett McGurk) ဟာ အီဂျစ်မှာရောက်နေခဲ့ပြီး တခြားတိုင်းပြည်တွေကိုလည်း ဆက်လက်သွားရောက်မယ်လို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။ အစ္စရေးက နှစ်လရပ်ဆိုင်းထားဖို့ အဆိုပြုထားတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ သတင်းထောက်တွေကမေးတော့ ခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

ဆွေးနွေးနေကြတာ အလွန့်ကို တလေးတနက်ရှိတယ်လို့ ဂျွန်ကာဘီက ဆိုပါတယ်။ ဒါပေမဲ့ အပစ်ရပ်ကာလကိုတော့ ဂျွန်ကာဘီက အတည်ပြုပြောတာမရှိပါဘူး။ “ဖြစ်ခဲ့ရင် .. အဲဒီလို အပစ်ရပ်တာက ဓားစာခံတွေလွတ်ဖို့နဲ့ အကူအညီတွေ ပိုဝင်ဖို့ အခွင့်အလမ်းဖြစ်ပါတယ်။ အရင်တုန်းကလုပ်နိုင်ခဲ့တဲ့ ရက်သတ္တပတ်ထက် ပိုရှည်ကြာတဲ့ လူသားချင်း စာနာထောက်ထားရေးအတွက် ခဏတာ အပစ်ရပ်တာကို ကျနော်တို့ လုံးဝဥဿုံ ထောက်ခံပါတယ်" လို့ ဂျွန်ကာဘီက ပြောကြားသွားပါတယ်။

ဂါဇာအပစ်ရပ်ရေး ကန်အကြီးတန်းတာဝန်ရှိသူ ဆွေးနွေးနေ
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG