သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ အပစ်ရပ်ရေးအဆိုပြုချက် ဟာမတ်စ် မကြာခင် အကြောင်းပြန်မည်


အစ္စရေးစစ်သားတဦး
အစ္စရေးစစ်သားတဦး

ဂါဇာကနေ ဓားစာခံတွေပြန်လွှတ်ရေးအပါအဝင် ယာယီအပစ်ရပ်ရေးအဆိုပြုတာကို မကြာခင် အကြောင်းပြန်မယ်လို့ ဟာမတ်စ်အဖွဲ့က ပြောလိုက်ပါတယ်။ ခုလိုယာယီအပစ်ရပ်ပြီး အစ္စရေးမှာထောင်ကျနေတဲ့ ပါလက်စတိုင်းတွေပါ ပြန်လွှတ်ရေးအတွက် အမေရိကန်၊ အစ္စရေး၊ ကာတာနဲ့ အီဂျစ် အရာရှိတွေ ပြင်သစ်မှာ ဒီအပတ်အစောပိုင်းက ဆွေးနွေးပြီး အဆိုပြုခဲ့တာအပေါ် ဟာမတ်စ် ထိပ်ပိုင်းခေါင်းဆောင်က ဒီနေ့ တုံ့ပြန်လိုက်တာပါ။

မနှစ် အောက်တိုဘာ ရ ရက်နေ့မှာ ဟားမတ်စ်က အစ္စရေးကိုဝင်တိုက်ပြီး ဓားစာခံ ၂၅၀ လောက်ဖမ်းဆီးခဲ့ပြီး၊ နိုဝင်ဘာမှာ တပတ်ကြာ အပစ်ရပ်ခဲ့တုံးကတော့၊ ပါလက်စတိုင်း ၂၄၀ ကို အစ္စရေးထောင်တွေက ပြန်လွှတ်ပေးတာအတွက်၊ ဓားစာခံ ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ လက်ရှိမှာ နောက်ထပ် ဓားစာခံ ၁၀၀ ကျော်ကျန်နေသေးပြီး၊ အစ္စရေး-ဟာမတ်စ်စစ်ပွဲ တခြားဒေသတွေကူးစက်လာမှာ ပိုစိုးရိမ်ကာ နိုင်ငံတကာက ဝိုင်းဖိအားပေးနေချိန်မှာ၊ အခုလို ဟားမတ်စ်ဘက်က တုံ့ပြန်လာပေမဲ့ အစ္စရေးဖက်ကတော့ ထိုးစစ် ဆက်ဆင်နေဆဲပါ။

အစ္စရေးဝန်ကြီးချုပ်က ဂါဇာမှာ အဆုံးသတ်အောင်ပွဲရတဲ့အထိ ဆက်တိုက်သွားမယ်လို့ ကြုံးဝါးထားချိန်မှာ၊ အစ္စရေး ကာကွယ်ရေးဝန်ကြီးကလည်း ဂါဇာရဲ့ Khan Younis က တပ်မကို ချေမှုန်းနိုင်ခဲ့ပြီး ဟာမတ်စ်တိုက်ခိုက်ရေးသမား တစ်သောင်းကိုလည်း သုတ်သင်နိုင်ခဲ့ပြီလို့ ပြောလိုက်ပါတယ်။ ဒီအတောအတွင်း ဟားမတ်စ်ထိန်းချုပ်ထားတဲ့ ဂါဇာက ကျန်းမာရေးဝန်ကြီးဌာနကလည်း ဒီအစ္စရေး-ဟားမတ်စ်စစ်ပွဲထဲ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာမှာနေထိုင်သူ ၁၁၂ ဦး သေဆုံးခဲ့ပြီး၊ စစ်ပွဲစထဲကဆိုရင် စုစုပေါင်း သေဆုံးသူ ၂၇,၁၃၁ ဦးအထိရှိလာခဲ့ပြီလို့ ဒီနေ့ ပြောလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG