သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီတင်း ၆ ပတ် အပစ်ရပ်ရေးအဆိုပြုချက် ဟာမတ်စ်အဖွဲ့ လက်ခံရရှိ


အစ္စရေးဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ကြသူတွေကို ဂါဇာမြို့တော် အယ်လ် ဆာဟာဘာလမ်းပေါ်မှာ ဖြစ်သလိုမြှုပ်နှံထားတဲ့ သင်္ချိုင်းမြေ (ဇန်နဝါရီ ၉၊ ၂၀၂၄)
အစ္စရေးဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ကြသူတွေကို ဂါဇာမြို့တော် အယ်လ် ဆာဟာဘာလမ်းပေါ်မှာ ဖြစ်သလိုမြှုပ်နှံထားတဲ့ သင်္ချိုင်းမြေ (ဇန်နဝါရီ ၉၊ ၂၀၂၄)

ရက်သတ္တပတ် ၆ ပတ် အပစ်ရပ်ပြီး အစ္စရေးဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဥ်းသားနဲ့ ဟာမတ်စ်ဖမ်းသွားတဲ့ ဓားစာခံတွေလဲလှယ်ရေး ပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တရပ်ကို လက်ခံရရှိတယ်လို့ ဟာမတ်စ် ခေါင်းဆောင် အစ္စမေး ဟာနီယေးက အင်္ဂါနေ့မှာ ပြောပါတယ်။ လေ့လာပြီးနောက် ဆွေးနွေးဖို့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို သွားရောက်မယ်လို့လည်း မစ္စတာ ဟာနီယေးက ဆိုပါတယ်။

ဒါပေမဲ့ ဦးစားပေးက အမြဲ အပစ်အခတ်ရပ်စဲဖို့နဲ့ ဂါဇာကနေ အစ္စရေးတပ်တွေ ရုပ်သိမ်း‌ရေးဖြစ်တယ်လို့ သူက ပြောပါတယ်။ ဟာမတ်စ်က ဂါဇာ ပြန်လည်တည်ဆောက်ရေးလုပ်ချင်ပြီး ဂါဇာကို အစ္စရေးက နှစ်ပေါင်းများစွာ ပိတ်ဆို့ထားတာကို ပြန်ဖွင့်ချင်တာလည်း ပြောပါတယ်။ အစ္စရေးက ထိန်းထားတဲ့ ပါလက်စတိုင်းအကျဥ်းသားတွေ ပြန်လွတ်ရေးကလည်း ဟာမတ်စ် ရဲ့ လိုလားချက်ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ အမေရိကန်၊ အစ္စရေး၊ ကာတာနဲ့ အီဂျစ်တို့က တာဝန်ရှိသူတွေဆွေးနွေးခဲ့ကြရာက ဖြစ်နိုင်ဖွယ်ရှိတဲ့ သဘောတူညီချက်သစ်ရဲ့ မူကြမ်း ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလကုန်ပိုင်းတုန်းကတော့ တပတ် အပစ်ရပ်ခဲ့ပြီး အစ္စရေးက ပါလက်စတိုင်းအကျဥ်းသား ၂၄၀ လွှတ်ပေးပြီး ဟာမတ်စ်က ဓားစာခံ ၁၀၀ လွှတ်ပေးခဲ့ပါတယ်။ ဟာမတ်စ် ဆီမှာ အစ္စရေးဓားစာခံ ၁၀၀ ကျော် ကျန်ရှိနေပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG