သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးဓါးစာခံတွေ ပြန်လွတ်ရေး ဝန်ကြီးချုပ်နေအိမ်ရှေ့ဆန္ဒပြ


Israel Palestinians War Rhetoric
Israel Palestinians War Rhetoric

အစ္စရေးဓါးစာခံတွေ ပြန်လွတ်ရေး ဝန်ကြီးချုပ်နေအိမ်ရှေ့ဆန္ဒပြ

ဂါဇာမှာ ဟားမတ်စ်အဖွဲ့က ဖမ်းထားတဲ့ အစ္စရေး ဓားစာခံတွေရဲ့ မိသားစုဝင်တွေဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ နေအိမ်အပြင်ဘက်မှာ စနေနေ့က ဆန္ဒပြခဲ့ကြပါတယ်။ ဖမ်းခံနေရသူတွေ လွတ်မြောက်ရေးအတွက် အစိုးရအနေနဲ့ ပြတ်ပြတ်သားသား လုပ်ဆောင်ဖို့ တောင်းဆိုကြပါတယ်။ တပြိုင်တည်းမှာပဲ ဂါဇာ စစ်ပွဲရဲ့ ဦးတည်ရာနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှုတွေ ကြီးထွားလာနေတာဟာ နေတန်ယာဟု အစိုးရအတွက် ဖိအားဖြစ်နေပါတယ်။

ဓားစာခံတွေ ပြန်လွတ်ရေး တောင်းဆိုနေတာ ရက်ပေါင်း ၁၀၅ ရက် ရှိလာနေပြီး အစိုးရအနေနဲ့ ခေါင်းဆောင်မှု အခန်း ကဏ္ဍကို ယူပြီး ရဲရဲရင့်ရင့် ပြတ်ပြတ်သားသားလုပ်ဖို့ တောင်းဆိုကြောင်း ဓားစာခံ မိသားစုတွေရဲ့ ကိုယ်စားလှယ်က ပြောပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီးဟောင်း လည်းဖြစ်၊ အစိုးရ အဖွဲ့ဝင် တဦးလည်း ဖြစ်သူ ဂါဒီ အီဆန်ကော့ကတော့ အပစ်အခတ် ရပ်စဲရေးကသာ ဓားစာခံတွေ လွတ်မြောက်ရေး တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။ ဒါက အစ္စရေးရဲ့ လက်ရှိ ကျင့်သုံးနေတဲ့ ဟားမတ်စ် အဖွဲ့ ပျက်သုန်းအထိ စစ်ပွဲဆက်တိုက်မယ့် မဟာဗျူဟာကို ဝေဖန်တဲ့ သဘောဖြစ်ပါတယ်။

ဝန်ကြီးချုပ် နေအိမ်အပြင်ဘက် အထိ ဆန္ဒပြ ကန့်ကွက် ကြတာနဲ့ ဒီလို ထိပ်တန်း ခေါင်းဆောင်တချို့ရဲ့ ဝေဖန်ချက်တွေက (၄) လ ထဲ ရောက်လာနေပြီ ဖြစ်တဲ့ ဂါဇာစစ်နဲ့ ပတ်သက်ပြီး အစ္စရေးမှာ အမြင် ကွဲပြားမှုတွေကို ဖော်ပြနေပါတယ်။

တပြိုင်တည်းမှာပဲ ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့က သံရုံးတွေ ရှိတဲ့ ရပ်ကွက်က လူနေအဆောက်အအုံတခု စနေနေ့က တိုက်ခိုက်ခံရပြီး အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင် (၅) ဦး သေဆုံးခဲ့ပါတယ်။ ဒီ့အတွက် အစ္စရေးလက်ချက်လို့ အီရန်က အပြစ်တင်ပြီး လက်စားချေ တန်ပြန် တိုက်ခိုက်မယ်လို့ ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG