သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတနဲ့ အစ္စရေးဝန်ကြီးချုပ် ဆွေးနွေး


Biden
Biden

အမေရိကန်သမ္မတ Joe Biden က အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဇန်နဝါရီ ၁၉ ရက်၊ မနေ့က တယ်လီဖုန်းနဲ့ စကားပြောကြားခဲ့ပြီး လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

မနေ့က အမေရိကန်နိုင်ငံတဝန်းက မြို့တော်ဝန်တွေနဲ့ တွေ့ဆုံမှုအပြီး သတင်းထောက်တွေက လက်ရှိ ဝန်ကြီးချုပ် Benjamin Netanyahu အာဏာရနေတဲ့ကာလအတွင်း အစ္စရေး-ပါလက်စတိုင်း နှစ်ပြည်ထောင် ပူးတွဲ တည်ရှိရေးကိစ္စက ဖြစ်နိုင်ခြေရှိမရှိ သတင်းထောက်တွေက မေးတာမှာတော့ - ဖြစ်နိုင်တယ်လို့ သမ္မတ Biden က ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဝန်ကြီးချုပ် Benjamin Netanyahu က နှစ်ပြည်ထောင် ပူးတွဲတည်ရှိရေးကိစ္စကို မကန့်ကွက်ဘူးလို့လည်း သမ္မတ Biden က သတင်းထောက်တွေကို ပြောကြားလိုက်ပြီး နှစ်ပြည်ထောင် တည်ရှိလို့ရတဲ့ နည်းလမ်းတွေ အများအပြားရှိကြောင်း၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတိုင်းမှာ စစ်တပ်ရှိနေကြတာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ် Benjamin Netanyahu က နှစ်ပြည်ထောင် ပူးတွဲတည်ရှိရေးကိစ္စကို သဘောမတူကြောင်း ကြာသပတေးနေ့ကပဲ အမေရိကန်ကို အသိပေးခဲ့တာပါ။ အမေရိကန်က အစ္စရေးကို အကူအညီပေးမယ့်ကိစ္စတွေမှာ ကန့်သတ်မှုတွေ ထားရှိမလားလို့ သတင်းထောက်တွေက မေးတာမှာတော့ - အဆင်ပြေအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေရှိကြောင်း သမ္မတ Biden က ပြန်လည် ဖြေကြားခဲ့ပါတယ်။

သမ္မတ Biden နဲ့ ဝန်ကြီးချုပ် Benjamin Netanyahu တို့ဟာ Hamas ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွတ်ရေး၊ အစ္စရေးရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေမှာ ပစ်မှတ်ကို အသေအချာ ရွေးချယ် တိုက်ခိုက်ဖို့နဲ့ စာနာမှုဆိုင်ရာ အကူအညီတွေ ဂါဇာဒေသကို ပို့ပေးနိုင်ရေးစတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

XS
SM
MD
LG