သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး−ဟာမတ်စ် စစ်ပွဲ ကမ္ဘာတဝန်း ဆန့်ကျင်ဆန္ဒပြ


ISRAEL-PALESTINIANS/USA-PROTESTS
ISRAEL-PALESTINIANS/USA-PROTESTS

အစ္စရေး−ဟာမတ်စ် စစ်ပွဲ ကမ္ဘာတဝန်း ဆန့်ကျင်ဆန္ဒပြ

အစ္စရေးနဲ့ ပါလက်စတိုင်း ပဋိပက္ခ ၇၅ နှစ်တာအတွင်း အကြာဆုံးနဲ့ အဆိုးရွားဆုံး အခြေအနေ ဖြစ်နေတဲ့ ဂါဇာစစ်ပွဲကို ဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ချီတက် ဆန္ဒပြပွဲတွေကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီနဲ့ ဗြိတိန်နိုင်ငံ လန်ဒန် မြို့တော် အပါအဝင် ကမ္ဘာတဝန်း မြို့ကြီးတွေမှာ စနေ့နေ့က တပြိုင်တည်း ကျင်းပခဲ့ကြပါတယ်။

လန်ဒန်မြို့တော် အလယ်ခေါင်မှာတော့ စစ်ဆန့်ကျင်ရေးနဲ့ ပါလက်စတိုင်း ပြည်သူတွေနဲ့ အတူရပ်တည်ကြောင်းပြသတဲ့ ချီတက်ပွဲကို ကလေးသူငယ်တွေ အပါအဝင် ထောင်နဲ့ချီတဲ့ လူတွေ ပါဝင်ခဲ့ကြပါတယ်။ ဒီချီတက်ပွဲမှာ ရက် ၁၀၀ နီးပါး ကြာလာပြီဖြစ်တဲ့ ဂါဇာစစ်ပွဲကြောင့် ကလေးငယ်တွေ ထိခိုက်နေတာကို အသားပေး ပုံဖော်ခဲ့ကြပါတယ်။

မူလက ဆီးရီးယား ပြည်တွင်းစစ်ဘေး ဒုက္ခသည် ကလေးငယ်တွေကို ရည်စူးတဲ့ ၁၁ ပေခွဲ အရှည် Little Amal ရုပ်သေးရုပ်သွင်ကို အခု လန်ဒန် ဆန္ဒပြပွဲမှာ ပုံဖော်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲကို လုံခြုံရေး အထူးတင်းကျပ်ထားပြီး မြို့တော်ပြင်ပက ရဲအင်အားတွေ အပါအဝင် လုံခြုံရေး ၁,၇၀၀ ချထားကြောင်း လန်ဒန် မြို့တော်ရဲ တပ်ဖွဲ့က ပြောပါတယ်။ ဆန္ဒပြသူတွေဟာ အစ္စရေး သံရုံးရှေ့ သွားရောက်ခွင့် မရသလို တခြား ကန့်သတ်ချက်တချို့လည်း ချမှတ်ထားပါတယ်။

လန်ဒန်နည်းတူ အိုင်ယာလန်မြို့တော် ဒပ်ဗလင် မှာလည်း ဆန္ဒပြသူတွေဟာ ပါလက်စတိုင်းအလံတွေကို ဝှေ့ယမ်းကာ အိုင်ယာလန်၊ အမေရိကန်နဲ့ အစ္စရေးအစိုးရတွေကို ဝေဖန်ထားတဲ့ စာတန်းတွေကိုင်ဆောင်ကာ “ပါလက်စတိုင်း လွတ်မြောက်ရေး “Free, free Palestin” ဆိုပြီး သံပြိုင်ကြွေးကြော်ခဲ့ကြပါတယ်။

ပဲရစ်၊ ရောမ၊ မီလန် အပါအဝင် တခြား ဥရောပက မြို့ကြီးတွေမှာလည်း စနေနေ့က ပါလက်စတိုင်းထောက်ခံချီတက်ပွဲတွေ လုပ်ခဲ့ကြပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ စစ်ဆင်ရေးအတွင်း သေဆုံးသူ ၂၃,၈၄၃ ဦးအနက် သုံးပုံနှစ်ပုံနီးပါးမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ကြောင်း ဟားမတ်စ်ထိန်းချုပ်ထားတဲ့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။ အစ္စရေးဘက်က ထောက်ခံတဲ့ လူထုစုဝေးပွဲ တခုကိုတော့ လန်ဒန်မှာ တနင်္ဂနွေနေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG