သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ Rafah မြို့က အရပ်သားတွေကို ထွက်ခွာစေဖို့ အစ္စရေးလ်ဝန်ကြီးချုပ်က အမိန့်ပေး


PALESTINIAN-ISRAEL-CONFLICT-GAZA
PALESTINIAN-ISRAEL-CONFLICT-GAZA

တိုက်ပွဲပြင်းထန်နေတဲ့ Rafah မြို့က အရပ်သားတွေကို ထွက်ခွာစေဖို့ အစ္စရေးလ်ဝန်ကြီးချုပ်က အမိန့်ပေး

ဂါဇာတောင်ပိုင်း Rafah မြို့ကို မြေပြင်ကနေ ထိုးစစ်မဆင်ခင် ဒေသခံအရပ်သားတွေကို ဘေးလွတ်ရာ ပို့ပေးနိုင်အောင် ပြင်ဆင်ဖို့ အစ္စရေး စစ်တပ်ကို ညွှန်ကြားခဲ့ကြောင်း ဝန်ကြီးချုပ် Benjamin Netanyahu က သောကြာနေ့မှာ ပြောပါတယ်။

Rafah ရာဇာ မှာရှိတဲ့ ဟားမတ်စ် တပ်ရင်း ၄ ခုကို ဖယ်ရှားမှသာ အခုစစ်ပွဲရဲ့ ရည်ရွယ်ချက် အောင်မြင်နိုင်မှာ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ကြေညာချက် မှာ ပြောကြားပေမယ့် ဒီလို Rafah ကို အလုံးအရင်းနဲ့ တိုက်ခိုက်ဖို့ဆို အရပ်သားတွေကို အဲဒီနေရာကနေ ရွှေ့ပေးဖို့ လိုအပ်တာပါ။

ဒီလို ဟားမတ်စ်တပ်ရင်းတွေ ခြေမှုန်းဖို့နဲ့ အရပ်သားတွေ ဖယ်ရှားရေး အစီစဉ်ကို သူ့ဝန်ကြီးများ အဖွဲ့ကို တင်သွင်းဖို့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ကို ညွှန်ကြားထားတယ်လို့လည်း ဝန်ကြီးချုပ်ကပြောပါတယ်။

ပါလက်စတိုင်းသား တသန်းကျော်အတွက် အကာကွယ် ပေးမယ့် အစီစဉ် မရှိပဲ Rafah ကို ဝင်မတိုက်ဖို့ အစ္စရေးကို အမေရိကန် သမ္မတအိမ်ဖြူက သတိပေးချက် ထွက်လာပြီး နာရီပိုင်း အတွင်းမှာပဲ အခုလို ဝန်ကြီးချုပ်က ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။

ပါလက်စတိုင်းသား ၁.၄ သန်းကျော် ကို ဘယ်နေရာကို ရွှေ့ပေးမယ် ဆိုတာနဲ့ ဒါအစီစဉ်ကို ဘယ်အချိန် စမယ် ဆိုတာကိုတော့ သူ့ကြေညာချက်မှာ ဖေါ်ပြ မထားပါဘူး။ ကုလသမဂ္ဂအရာရှိ တွေကတော့ ဂါဇာမှာ လုံခြုံစိတ်ချရတဲ့ နေရာ ဆိုတာ မရှိဘူးလို့ ထပ်တလဲလ ဲ ပြောနေတာပါ။

ဒီ Rafah နဲ့ Khan Younis မြို့တွေဟာ အမေရိကန်က အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ထားတဲ့ ဟားမတ်စ်တွေ အခိုင်အမာ ခြေကုပ်ယူထားတဲ့ နေရာ ၂ ခုဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် Netanyahu က ပြောပါတယ်။

XS
SM
MD
LG