သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာ အပစ်ရပ်ရေးဖြစ်လာဖို့ ကန်နိုင်ငံခြားရေးဝန်ကြီးကြိုးပမ်း


U.S. Secretary of State Antony Blinken
U.S. Secretary of State Antony Blinken

ဂါဇာ အပစ်ရပ်ရေးဖြစ်လာဖို့ ကန်နိုင်ငံခြားရေးဝန်ကြီးကြိုးပမ်း

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်ဟာ ဂါဇာမှာ အပစ်ရပ်ရေး သဘောတူညီချက်ရအောင် ကြိုးစားဖို့ ဆော်ဒီအာရေဗျနိုင်ငံကို တနင်္လာနေ့က ရောက်ရှိသွားခဲ့ပါတယ်။

ကျန်ရှိနေသေးတဲ့ ဓားစာခံတွေကို လွှတ်ပေးပြီး၊ လူသားချင်း စာနာထောက်ထားရေး ခဏတာ အပစ်ရပ်ရေး ပါဝင်တဲ့ သဘောတူညီချက်တရပ် ရရှိအောင် မစ္စတာ ဘလင်ကန်က သံတမန်ရေးအရ ကြိုးစားသွားမှာ ဖြစ်တယ်လို့ နိုင်ငံခြား‌ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

အီဂျစ်၊ ကာတာ၊ အစ္စရေးနဲ့ အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက် ကမ်းတွေကိုလည်း ဒီအပတ် ခရီးစဥ်အတွင်းမှာ ဘလင်ကန်က သွားရောက်မှာပါ။ ဂါဇာမှာ လူသားချင်း စာနာထောက်ထားရေး လိုအပ်ချက်တွေကို အရေးပေါ် ကိုင်တွယ်ဖို့ လိုအပ်ကြောင်း ဒီခရီးစဥ် မတိုင်မီ ဘလင်ကန်က ပြောခဲ့ပါတယ်။

ကနဦး ၆ လတာ အပစ်ရပ်စဲထားစဥ်အတွင်း အကူအညီ ပို့ပေးရေးအပြင် ဟာမတ်စ်က ဖမ်းထားတဲ့ ကျန်ရှိ ဓားစာခံတွေနဲ့ အစ္စရေးဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဥ်းသားတွေ လဲလှယ်ရေးပါဝင်တဲ့ အပစ်ရပ်ရေး အဆိုပြုချက် ကို ဟာမတ်စ် ခေါင်းဆောင်တွေက စဥ်းစားနေဆဲ ဖြစ်ပါတယ်။

သေဆုံးသွားပြီလို့ ယူဆရတဲ့ အနည်းဆုံး ၂၈ ယောက် အပါအဝင် ဓားစာခံ ၁၃၂ ယောက် ဟာမတ်စ် လက်မှာ ကျန်ရှိနေတယ်လို့ အစ္စရေးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG