သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး အရှေ့အလယ်ပိုင်းဒေသ ထပ်မံသွားရောက်

အရှေ့အလယ်ပိုင်းခရီးစဉ်မထွက်ခွာခင်တွေ့ရတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဖေဖော်ဝါရီ ၄၊ ၂၀၂၄)
အရှေ့အလယ်ပိုင်းခရီးစဉ်မထွက်ခွာခင်တွေ့ရတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဖေဖော်ဝါရီ ၄၊ ၂၀၂၄)

အစ္စရေးနဲ့ ဟာမတ်စ်တို့ကြား အပစ်အခတ် ရပ်စဲရေး တွန်းအားပေးနိုင်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဒေသတွင်းကို ပြန်သွားနေချိန်မှာပဲ၊ ဂါဇာကမ်းမြောင်မှာ စစ်သွေးကြွ ဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ပဲ သတင်းထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်က ဂါဇာတောင်ပိုင်း Khan Younis မှာ လေကြောင်းရော မြေပြင်ကနေပါ စစ်ဆင်ခဲ့သလို၊ ဂါဇာမြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ စီးနင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

Khan Younis တဝိုက်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာကြောင့် ဂါဇာဒေသခံ တဝက်လောက် ယာယီအမိုးအကာတွေနဲ့ ခိုလှုံနေကြတဲ့ တောင်ပိုင်း Rafah ဘက်ကို တွန်းပို့ရာရောက်နေတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။ ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းဟာ သူတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး၊ သူတို့ဟာ အစားအစာ၊ ရေ၊ အမိုးအကာနဲ့ ဆေးဝါးများ ပြတ်လပ်မှုတွေနဲ့လည်း ရင်ဆိုင်နေကြရတယ်လို့ ပြောပါတယ်။

ယာယီ အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်မှာ ဟာမတ်စ် စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့နဲ့ ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ တိုးမြှင့်ရေး စတာတွေ ပါဝင်လာမှာပါ။ အီဂျစ်၊ ကာတာနဲ့ အမေရိကန်တို့ရဲ့ ကြားဝင်စေ့စပ် ဆွေးနွေးပွဲကနေပေါ်ထွက်လာတဲ့ အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ကို ဟားမတ်စ်ခေါင်းဆောင်ဘက်က ဆန်းစစ်နေတာ သီတင်းတပတ်လောက် ရှိနေပါပြီ။

ဝန်ကြီး Blinken ရဲ့ အပစ်ရပ်ရေး တွန်းအားပေးမယ့် ခရီးစဉ်မှာ အနောက်ဘက်ကမ်းဒေသအပြင်၊ ဆော်ဒီအာရေးဗီးယား၊ အီဂျစ်၊ ကာတာ၊ အစ္စရေးနဲ့ အနောက်ဘက်ကမ်းတို့ကိုပါ ဒီသီတင်းပတ်အတွင်း သွားရောက်မှာလည်း ဖြစ်ပါတယ်။ ကျန်နေသေးတဲ့ ဓားစာခံတွေအားလုံးကို လွှတ်ပေးဖို့နဲ့ ဂါဇာကမ်းမြောင်က အရပ်သားတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ပေးနိုင်မယ့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ခေတ္တရပ်ထားမှု အပါအဝင် သဘောတူညီချက်တရပ်ကို ရရှိဖို့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြောပါတယ်။

ကန်နိုင်ငံခြားရေးဝန်ကြီး အရှေ့အလယ်ပိုင်းဒေသ ထပ်မံသွားရောက်
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG