သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် နိုင်ငံခြားရေးဝန်ကြီး NATO အတွင်းရေးမှူးချုပ်နဲ့ ဝါရှင်တန်ဒီစီမှာတွေ့ဆုံ


US NATO
US NATO

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်န်ထော်နီဘလင်န်ကန်နဲ့ မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးအတွင်းရေးမှူးချုပ် ယောင်န် စတော်လ်တင်န်ဘဂ်တို့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ တနင်္လာနေ့က တွေ့ဆုံခဲ့ကြပါတယ်။

နေတိုးအတွင်းရေးမှူးချုပ်ဟာ ယူကရိန်းကို ဆက်လက် အကူအညီပေးရေးတိုက်တွန်းဖို့ လွှတ်တော်အမတ်တွေအပြင် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့ အမေရိကန်ကို ရောက်ရှိနေခဲ့တာပါ။ ယူကရိန်းအကူအညီပေးရေးကို အမေရိကန်နိုင်ငံရဲ့ နယ်စပ်လူဝင်မှုကိစ္စ၊ အခြားနိုင်ငံရေးကိစ္စတွေနဲ့ အောက်လွှတ်တော် ရီပတ်ဘလီကန်အမတ်တွေက ချိတ်ဆက်ထားတာကြောင့် ကြန့်ကြာနေတာဖြစ်ပါတယ်။

ယူကရိန်းမှာဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေကို ဝေဖန်သူတွေက ထောက်ပြကြပါတယ်။ ရုရှားကိုတိုက်ဖို့ အမြောက်ကျည်တွေဝယ်ယူရေး သတ်မှတ်ထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၄၀ ကို အလွဲသုံးစားလုပ်ဖို့ လက်နက်ကုမ္ပဏီဝန်ထမ်းတွေက တာဝန်ရှိသူတွေနဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်ခဲ့ကြတယ်လို့ ယူကရိန်းလုံခြုံရေးဌာနက စနေနေ့က ပြောပါတယ်။
ငါးယောက်ကို တရားစွဲဆိုထားပြီး တယောက်ကို ဖမ်းဆီးထားပါတယ်။ ငွေတွေကို သိမ်းဆည်းရမိပြီး ကာကွယ်ရေးဘတ်ဂျက်ကို ပြန်လွှဲပြောင်းပြီးပြီလို့ ယူကရိန်းရှေ့နေချုပ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG