သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rafah ဒေသခံပြောင်းရွှေ့ရေးအစီစဉ် မစခင် အစ္စရေး လေကြောင်းတိုက်ခိုက်


Aftermath of an Israeli strike in Rafah in the southern Gaza Strip
Aftermath of an Israeli strike in Rafah in the southern Gaza Strip

Rafah ဒေသခံပြောင်းရွှေ့ရေးအစီစဉ် မစခင် အစ္စရေး လေကြောင်းတိုက်ခိုက်

ဂါဇာ တောင်ပိုင်းက Rafah မြို့ကို ထိုးစစ်မဆင်ခင် ဒေသခံတွေ ပြောင်းရွှေ့ပေးဖို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က သောကြာနေ့က ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီး စနေနေ့မှာတော့ အစ္စရေးတပ်က ဒီမြို့ကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် Rafah က နေအိမ်အများအပြားကို ထိမှန်ခဲ့ပြီး ကလေးငယ် တဒါဇင်ကျော် အပါအဝင် သေဆုံးရသူ အနည်းဆုံး ၄၄ ဦးရှိနေတယ်လို့ AP သတင်းမှာ ဖေါ်ပြထားပါတယ်။

Rafah မှာရှိတဲ့ ဟားမတ်စ် တပ်ရင်း ၄ ခုကို ခြေမှုန်းဖို့နဲ့ ဒေသခံတွေကို ဘေးလွတ်ရာပို့ပေးရေး စီစဉ်ဖို့ သောကြာနေ့မှာ စစ်တပ်ကို ညွှန်ကြားခဲ့တယ်လို့ ဝန်ကြီးချုပ် Natanyahu ရုံးက ပြောပါတယ်။ အစီစဉ် အသေးစိတ် ထုတ်ပြန်တာ မရှိသလို ဘယ်အချိန်ထိုးစစ်ဆင်မယ် ဆိုတာကို ဝန်ကြီးချုပ်က ပြောမထားပေမယ့် ဒီကြေညာချက်ကြောင့် ဒေသခံတွေ ထိတ်လန့်တကြား ဖြစ်ခဲ့ရတာပါ။

Rafah မှာ ဂါဇာက ပါလက်စတိုင်းသား ၂.၃ သန်းရဲ့ထက်ဝက်ကျော် လာရောက်ခိုလှုံနေတာဖြစ်ပြီး သူတို့ နောက်ထပ် ဘယ်နေရာမှာ ခိုလှုံနိုင်မယ်ဆိုတာ မသိရသေးပါဘူး။

အမေရိကန်၊ ဗြိတိန်နဲ့ အီးယူ ဥရောပသမဂ္ဂတို့က အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားတဲ့ ဟားမတ်စ်တွေ အဓိက ခြေကုပ်ယူထားတဲ့နေရာ ၂ ခုက Rafah နဲ့ Khan Younis မြို့တွေဖြစ်ကြောင်း ဝန်ကြီးချုပ် Netanyahu က ပြောထားတာပါ။

Rafah ဟာ အီဂျစ်နဲ့ နယ်စပ်ချင်း ထိနေတာကြောင့် Rafah မှာ စစ်ဆင်ရေး လုပ်မယ်ဆိုရင် နယ်စပ်ကျော်ဖြတ် ခိုလှုံသူ အုပ်လိုက်ရောက်လာပြီး အီဂျစ်နဲ့ အစ္စရေးကြားက အနှစ် ၄၀ ကျော် ငြိမ်းချမ်းရေးကိုပါ ထိခိုက်နိုင်တယ်လို့ အီဂျစ်အရာရှိတွေက သတိပေးနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG