သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး အကူအညီပေးရေး ကန်အောက်လွှတ်တော် ရီပတ်ဘလစ်ကန်တွေ အဆိုပြု

US-ISRAEL-PALESTINIAN-CONFLICT
US-ISRAEL-PALESTINIAN-CONFLICT

အစ္စရေးအတွက် စစ်ရေးအကူအညီနဲ့ အမေရိကန် စစ်လက်နက်တွေ ပြန်လည်ဖြည့်တင်းရေး ဒေါ်လာ ၁၇.၆ ဘီလီယံ သုံးစွဲမယ့် ဥပဒေမူကြမ်းတရပ်ကို အောက်လွှတ်တော်မှာ အများစု ထိန်းချုပ်ထားတဲ့ ရီပတ်ဘလစ်ကန်တွေ တင်သွင်းဖို့ စီစဉ်နေပါတယ်။

ယူကရိန်းအတွက် အကူအညီတွေ မပါဝင်ဘဲ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းတွေအတွက် ဘီလီယံနဲ့ချီ သုံးစွဲမယ့် အမျိုးသားလုံခြုံရေးဆိုင်ရာ အသုံးစရိတ် ဥပဒေမူကြမ်းဟာ ထောက်ခံမှု အပြည့်အ၀ ရဖို့တော့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဥပဒေမူကြမ်းဟာ အောက်လွှတ်တော် ဥက္ကဋ္ဌ Mike Johnson နဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်တွေအတွက် အစ္စရေးကို ထောက်ခံမှု ပြသရာ ရောက်နိုင်ပေမဲ့ ဒီမိုကရက်တစ်ပါတီက အများစုနဲ့ ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်ရဲ့ ထောက်ခံမှုရမယ့် အလားအလာတော့ နည်းပါးနေပါတယ်။

တချိန်တည်းမှာပဲ အထက်လွှတ်တော်က အပေးအယူလုပ် စေ့စပ်ညှိနှိုင်းထားတဲ့ ဥပဒေမူကြမ်းတခုကို မကြာခင် ထုတ်ပြန်မယ်လို့ ခန့်မှန်းထားပြီး အစောဆုံး ရှေ့သီတင်းပတ်လောက်မှာ မဲခွဲနိုင်ခြေ ရှိနေပါတယ်။ အစ္စရေးအတွက် စစ်ရေးအကူအညီအဖြစ် ဘီလီယံ ၁၄ သန်းခွဲနီးပါး အောက်လွှတ်တော်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အတည်ပြုထားပေမဲ့ အထက်လွှတ်တော်ကတော့ ဥပဒေကြမ်းကို အတည်မပြုပါဘူး။

This item is part of
XS
SM
MD
LG