သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတောင်ပိုင်း ရာဖာမြို့ကောင်းကင်ပေါ် ပေါက်ကွဲမှုနဲ့မီးခိုးများမြင်တွေ့


ဂါဇာကမ်းခြေဒေသတောင်ပိုင်း ရာဖာမြို့မှာ အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြင်နေရတဲ့ မီးခိုးလုံး။ (ဖေဖေါ်ဝါရီ ၂၅၊ ၂၀၂၄/AFP)
ဂါဇာကမ်းခြေဒေသတောင်ပိုင်း ရာဖာမြို့မှာ အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြင်နေရတဲ့ မီးခိုးလုံး။ (ဖေဖေါ်ဝါရီ ၂၅၊ ၂၀၂၄/AFP)

လူဦးရေ ၂.၃ သန်း ခိုလှုံနေကြတဲ့ ဂါဇာဒေသတောင်ဘက်စွန်း Rafah မြို့ ကောင်းကင်ယံပေါ်မှာ ပေါက်ကွဲမှုတွေ ဆက်ဖြစ်နေပါတယ်။ ပထမဆုံးထိုးစစ်တွေစတင်ခဲ့တဲ့ ဂါဇာဒေသမြောက်ဘက်ပိုင်းဒေသတချို့မှာလည်း လက်ရှိချိန်ထိ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့အတွက် အပျက်အစီးတွေလည်းအတော်များပါတယ်။

Gaza City ထဲက Zaytoun အရပ်မှာ တနင်္ဂနွေနေ့မနက်ထိ ရက်တွေနဲ့ချီ တိုက်ပွဲမပြတ်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂါဇာနဲ့အီဂျစ်နိုင်ငံနယ်စပ်၊ Rafah မြို့ကို ထိုးစစ်ဆင်ဖို့ အစ္စရေးလ်က ပြင်ဆင်နေချိန်မှာ ခုလို တိုက်ခိုက်မှုတွေမပြတ် ပေါ်ပေါက်နေတာပါ။ လူမှုကူညီရေးအဖွဲ့တွေက လူသားချင်းစာနာမှုဆိုင်ရာ ဘေးဆိုးကြီးကျရောက်နိုင်တယ်လို့ သတိပေးထားသလို အမေရိကန်နဲ့အစ္စရေးရဲ့ အခြားမဟာမိတ်နိုင်ငံတွေကလည်း အရပ်သားတွေကို အန္တရာယ်မပြုဖို့ သတိပေးပြောဆိုထားပါတယ်။

အစ္စရေးနဲ့ ဟာမတ်စ်တို့ကြား ရက်သတ္တပတ်ကြာ အပစ်အခတ်ရပ်စဲရေးနဲ့ ဂါဇာမှာထိန်းသိမ်းထားတဲ့ ဒါဇင်နဲ့ချီတဲ့ဓားစာခံတွေကို လွှတ်ပေးရေး စေ့စပ်ညှိနှိုင်းမှုတွေမှာ တိုးတက်မှုရှိတယ်လို့ အစ္စရေးလ်သတင်း မီဒီယာတွေက တနင်္ဂနွေနေ့မှာ ဖော်ပြပါတယ်။ ဟာမတ်စ်တို့အုပ်ချုပ်နေတဲ့ ဂါဇာဒေသရဲ့ကျန်းမာရေးဝန်ကြီးဌာနကတော့ စစ်ပွဲစတင်ခဲ့တဲ့အချိန်ကတည်းက ပါလက်စတိုင်းကလူ ၃၀,၀၀၀ နီးပါးသေဆုံးခဲ့ပြီး သူတို့ထဲက ၃ ပုံ ၂ ပုံက အမျိုးသမီးနဲ့ကလေးငယ်တွေဖြစ်တယ်လို့ ပြောပါတယ်။

သေဆုံးသူတွေထဲမှာ အရပ်သားနဲ့ လက်နက်ကိုင်တွေကိုတော့ ခွဲခြားဖော်ပြမထားပါဘူး။ အစ္စရေးလ်ကတော့ သူ့တပ်ဖွဲ့က ဟာမတ်စ်လက်နက်ကိုင် ၁၀,၀၀၀ ကိုသတ်ဖြတ်ခဲ့တယ်လို့ သက်သေအထောက်အထားမပါဘဲ ​ပြောဆိုထားပါတယ်။ အစ္စရေးလ်တောင်ပိုင်းကို အောက်တိုဘာ ၇ ရက်နေ့က ဟာမတ်စ်တို့ စတင်တိုက်ခိုက်ခဲ့တာမှာ အရပ်သားအများစုပါဝင်တဲ့လူ ၁,၂၀၀ လောက်သေဆုံးခဲ့ရပြီး ဓားစားခံ ၂၅၀ လောက်ကိုလည်း ဟာမတ်စ်တို့ ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG