သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာနာမှုအကူအညီဖြန့်ဝေစဉ်ပစ်ခတ်မှု ပါလက်စတိုင်း ၁၀၃ ဦးထက်မနည်းသေဆုံး


ပါလက်စတိုင်းသားတွေက စာနာမှုအကူအညီတွေတင်ထားတဲ့ ထရပ်ကားတွေဆီကို ဝိုင်းလာကြပုံကို အစ္စရေးစစ်တပ်က ထုတ်လွှတ်တဲ့ ဗွီဒီယိုထဲက မြင်ကွင်း။ (ဖေဖေါ်ဝါရီ ၂၉၊ ၂၀၂၄/AP)
ပါလက်စတိုင်းသားတွေက စာနာမှုအကူအညီတွေတင်ထားတဲ့ ထရပ်ကားတွေဆီကို ဝိုင်းလာကြပုံကို အစ္စရေးစစ်တပ်က ထုတ်လွှတ်တဲ့ ဗွီဒီယိုထဲက မြင်ကွင်း။ (ဖေဖေါ်ဝါရီ ၂၉၊ ၂၀၂၄/AP)

ဂါဇာမှာ စာနာမှုအကူညီဖြန့်ဝေပေးတဲ့ ထရပ်ကားတွေဆီက အစားအသောက်တွေ ယူမယ့် ပါလက်စတိုင်းသား ၁၀၄ ယောက်ထက်မနည်း အစ္စရေးတပ်တွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ ဘာကြောင့်ပစ်ခတ်ရတယ်ဆိုတာတော့ ခုထိရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီပစ်ခတ်မှု ဘယ်လို ဖြစ်ပွါးခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး အမြင်ကွဲပြားနေကြတာကြောင့် အမေရိကန်အရာရှိတွေ စစ်ဆေးနေတယ်လို့ သမ္မတဂျိုးဘိုင်ဒန်က ပြောပါတယ်။ ဂါဇာဆေးရုံတာဝန်ရှိသူတွေကတော့ အစ္စရေးတွေက ဂါဇာမြို့အနောက်ပိုင်း al-Nabusi လမ်းဆုံက လူအုပ်ကြီးကို ပစ်ခတ်တယ်လို့ အစပိုင်းက ပြောခဲ့ပေမယ့် မျက်မြင်တွေ့သူတွေကတော့ ထရပ်ကားတွေပေါ်က ဂျုံအိတ်တွေ၊ စည်သွတ်ဘူးတွေ ဆွဲချနေသူတွေကို အစ္စရေးတပ်တွေက ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

အစ္စရေးအရာရှိတွေကတော့ လူအုပ်ကြီးက ထရပ်ကားတွေဆီ အတင်းပြေးလာပြီး ခြိမ်းခြောက်တဲ့ အနေအထားဖြစ်လာတာကြောင့် တပ်သားတွေက ပစ်ခတ်ခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။ စစ်တပ်ကလည်း လူအုပ်ကြီးတွန်းတိုက်၊ တက်နင်းမိတာနဲ့ ထရပ်ကားကြိတ်မိတာတွေကြောင့် လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးဒဏ်ရာရခဲ့ကြောင်း အစပိုင်းမှာ ပြောခဲ့တာပါ။ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရုံးကလည်း အလားတူ ဖြေရှင်းချက်ပေးခဲ့ပြီး လူတွေက ပစ္စည်းတွေလုဖို့ ကြိုးစားခဲ့ကြကြောင်းနဲ့ နောက်မှ ထရပ်ကားတွေက တိုက်မိတာဖြစ်ကြောင်းပြောပါတယ်။

အခု ဖြစ်ရပ်ကြောင့် သေဆုံးရသူအပါအဝင် ၅ လ နီးပါးကြာမြင့်ပြီဖြစ်တဲ့ စစ်ပွဲအတွင်း သေဆုံးရသူ ၃ သောင်းလောက် ရှိနေပြီလို့ ဟာမတ်စ်တွေ ထိန်းချုပ်ထားတဲ့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။

စာနာမှုအကူအညီဖြန့်ဝေစဉ်ပစ်ခတ်မှု ပါလက်စတိုင်း ၁၀၃ ဦးထက်မနည်းသေဆုံး
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG