သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအတွက်အကူအညီတွေ အင်ဒိုနီးရှားပေးပို့

ဂါဇာကိုပေးပို့မယ့် အကူအညိတွေကိုသမ္မတ ဂျိုကိုဝီဒိုဒို အင်ဒိုနီးရှားတံဆိပ်ကပ်၊ နိုဝင်ဘာ၄၊ ၂၀၂၃
ဂါဇာကိုပေးပို့မယ့် အကူအညိတွေကိုသမ္မတ ဂျိုကိုဝီဒိုဒို အင်ဒိုနီးရှားတံဆိပ်ကပ်၊ နိုဝင်ဘာ၄၊ ၂၀၂၃

ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေအတွက် အင်ဒိုနီးရှားနိုင်ငံက ပထမအသုတ် အကူအညီတွေ ဒီနေ့ စနေနေ့မှာ ပေးပို့ခဲ့ပါတယ်။ အကူအညီတွေထဲမှာ ဆေးပစ္စည်း၊ အစားအသောက်၊ စောင်၊ ရွက်ဖျင် တဲနဲ့ တခြားထောက်ပံ့ရေးပစ္စည်းတွေပါတယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို ကအကူအညီတွေ တင်ပို့တဲ့ စစ်လေယာဉ်ကွင်းကနေ ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းပြည်သူတွေ ရုန်းကန်နေရတာကို စာနာတဲ့ အင်ဒိုနီးရှားအနေနဲ့ ပါလက်စတိုင်းတို့နဲ့ တသားထဲဆက်လက် ရပ်တည်နေမှာဖြစ်တယ်လို့ သမ္မတ ဝီဒိုဒို က အလေးထား ပြောကြားခဲ့ပါတယ်။ ၅၁.၅ တန် အလေးချိန်ရှိတဲ့ ဒီအကူအညီတွေကို အစိုးရနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပရဟိတအဖွဲ့တွေက လှူဒါန်းကြတာဖြစ်ပါတယ်။

Hercules အမျိုးအစား စစ်လေယာဉ်ကြီး ၂ စီးအပြင် ကုန်တင်လေယာဉ် ၁ စီးနဲ့၊ အင်ဒိုနီးရှားနိုင်ငံ Halim Perdanakusuma စစ်လေယာဉ်ကွင်းကနေ အီဂျစ်နိုင်ငံကို ပို့ဆောင်ပေးမှာဖြစ်ပြီး အဲဒီကနေမှာ ဂါဇာဒေသကို ဆက်လက်ပို့ဆောင်မှာဖြစ်ပါတယ်။

ကမ္ဘာမှာ အစ္စလာမ်ဘာသာဝင် အများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ပါလက်စတိုင်းကို အခိုင်အမာထောက်ခံတဲ့ နိုင်ငံတခုဖြစ်ပြီး အစ္စရေးနိုင်ငံနဲ့ တရားဝင် သံတမန်အဆက်အသွယ် ထူထောင်ထားခြင်း မရှိပါဘူး။

ဂါဇာအတွက်အကူအညီတွေ အင်ဒိုနီးရှားပေးပို့
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG