သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ လောင်စာပြတ်ဖွယ်ရှိဟု ကုလသတိပေး


အီဂျစ်ကိုဖြတ်ပြီး ဂါဇာကမ်းမြောင်ဒေသဘက်ကိုဦးတည်နေတဲ့ လောင်စာဆီတင် ယာဥ်များ။ (အောက်တိုဘာ ၂၂၊ ၂၀၂၃)
အီဂျစ်ကိုဖြတ်ပြီး ဂါဇာကမ်းမြောင်ဒေသဘက်ကိုဦးတည်နေတဲ့ လောင်စာဆီတင် ယာဥ်များ။ (အောက်တိုဘာ ၂၂၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ဒေသကို တနင်္ဂနွေနေ့က လူသားချင်းစာနာထောက်ထားရေး အကူတွေ ပိုဝင်လာခဲ့ပေမဲ့ ဗုဒ္ဓဟူးနေ့ မှာ လောင်စာပြတ်လိမ့်မယ်လို့ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးဌာန UNRWA က သတိပေးလိုက်ပါတယ်။

အစ္စရေးက ဟားမတ်စ် စစ်သွေးကြွတွေကို လေကြောင်းကနေ ဆက်လက်တိုက်ခိုက်နေပြီး မြေပြင်ထိုးစစ်ဝင်တော့မယ်လို့ ခြိမ်းခြောက်နေချိန်မှာ ဒီ သတိပေးချက်က အကူအညီပေးရေးကို ပိုပြီး ရှုပ်ထွေးသွားစေတာပါ။ “လောင်စာမရှိရင်၊ ရေမရှိပါဘူး။ ဆေးရုံတွေနဲ့ ပေါင်မုန့်ဖိုတွေ အလုပ်မလုပ်နိုင်ကြပါဘူး။ အကူအညီတွေက အလွန်လိုအပ်နေကြသူတွေဆီ ရောက်နိုင်မယ်မဟုတ်ပါဘူး။ လောင်စာမရှိရင် လူသားချင်း စာနာထောက်ထားရေး အကူအညီလည်း မဖြစ်နိုင်တော့ပါဘူး။ UNRWA က ဂါဇာကမ်းမြောင်ဒေသမှာ အကြီးမားဆုံး လူသားချင်းစာနာထောက်ထားရေးအဖွဲ့ ဖြစ်ပါတယ်။” လို့ အကြီးအကဲ လာဇာရီနီ က ပြောပါတယ်။

ဂါဇာက အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရတဲ့ လူသန်းဝက်ကျော်ကို UNRWA က အကူအညီပေးနေပြီး အောက်တိုဘာ ၇ ရက်ကတည်းကဆိုရင် ဝန်ထမ်း ၂၉ ယောက်ကလည်း သေဆုံးသွားခဲ့ရပြီးဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို လောင်စာပို့ခွင့်ပြုဖို့ အဖွဲ့အားလုံးနဲ့ အဲဒီ အဖွဲ့တွေအပေါ်မှာ ဩဇာညောင်းသူအားလုံးကို မစ္စတာလာဇာရီနီက တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG