သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရလုပ်ငန်းမရပ်ဆိုင်းရေး သမ္မတနဲ့ လွှတ်တော်ခေါင်းဆောင်တွေ ဆွေးနွေး


သမ္မတ Joe Biden က အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ။ (အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson ၊ ဒုသမ္မတ Kamala Harris နဲ့ အထက်လွှတ်တော် လူများစုခေါင်းဆောင် Chuck Schumer) (ဖေဖေါ်ဝါရီ ၂၇၊ ၂၀၂၄)
သမ္မတ Joe Biden က အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ။ (အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson ၊ ဒုသမ္မတ Kamala Harris နဲ့ အထက်လွှတ်တော် လူများစုခေါင်းဆောင် Chuck Schumer) (ဖေဖေါ်ဝါရီ ၂၇၊ ၂၀၂၄)

ဒေါ်လာဘီလီယံများစွာပါတဲ့ ယူကရိန်းကူညီထောက်ပံ့ရေးသေချာအောင်နဲ့ အသုံးစရိတ်မလုံလောက်တဲ့အတွက် အစိုးရလုပ်ငန်းတွေရပ်ဆိုင်းမယ့်အရေးတွေ ရှောင်နိုင်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လွှတ်တော်ခေါင်းဆောင်တွေကို အင်္ဂါနေ့မှာ သမ္မတအိမ်ဖြူတော်ကိုဖိတ်ပြီး ဆွေးနွေးခဲ့ရာမှာ တိုးတက်မှုရှိကြောင်းနဲ့ ရလဒ်တွေထွက်ပေါ်ခဲ့ကြောင်း လွှတ်တော်ခေါင်းဆောင်တွေကပြောပါတယ်။

အထက်လွှတ်တော်ဥက္ကဋ္ဌ Chuck Schumer ကတော့ ဒီအစည်းအဝေးဟာ ရလဒ်ထွက်ပေါ်ခဲ့ကြောင်းနဲ့ အထူးသဖြင့် ယူကရိန်းကိစ္စမှာ အတော် အခြေအတင်ဆွေးနွေးရတယ်လို့ အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကိုပြောပါတယ်။ ဒါ့အပြင် လွှတ်တော်ဥက္ကဋ္ဌ Mike Johnson ကလည်း အစိုးရလုပ်ငန်းတွေရပ်ဆိုင်းထားရမယ့်အရေးကို ရှောင်ရှားလိုတယ်လို့ Chuck Schumber ကပြောခဲ့ပါတယ်။

သမ္မတဘိုင်ဒန်က အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် Hakeen Jefferie ၊ အထက်လွှတ်တော်အများစုခေါင်းဆောင် Chuck Schumer နဲ့ အထက်လွှတ်တော် အနည်းစုခေါင်းဆောင် Mitch McConnell စတဲ့ခေါင်းဆောင် ၄ ဦးကိုဖိတ်ကြားဆွေးနွေးခဲ့တာပါ။ နောက်လအတွင်း အစိုးရအသုံးစရိတ်သတ်မှတ်ချက် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ်အစိုးရအသုံးစရိတ် ထပ်မံအတည်ပြုနိုင်ရေးအတွက်လည်း သမ္မတဘိုင်ဒန်ကဆွေးနွေးတာဖြစ်ပါတယ်။

'အစိုးရအသုံးစရိတ်သတ်မှတ်ပေးဖို့ လွှတ်တော်မှာတာဝန်ရှိပါတယ်။ အသုံးစရိတ်မရှိလို့အစိုးရလုပ်ငန်းတွေရပ်ဆိုင်းထားရရင် တိုင်းပြည်အတွက် အလွန်နစ်နာမှာဖြစ်တယ်' လို့ သမ္မတဘိုင်ဒန်ကပြောခဲ့ပါတယ်။ အောက်လွှတ်တော်မှာ အတိုက်အခံ ရစ်ပတ်ဘလစ်ကန်အမတ်တွေကများစုဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ Mike Johoson ဟာ ရစ်ပတ်ဘလစ်ကန်ပါတီက ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG