သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရလုပ်ငန်း ရပ်ဆိုင်းထားရမှု ၆ ရက်ရှိပြီ


အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်း တချို့ ယာယီရပ်ဆိုင်းထားတာ ဒီကနေ့ ၆ ရက်ရှိနေပြီး၊ ယာယီအသုံးစရိတ်ကိစ္စ အိမ်ဖြူတော်နဲ့ Democrat လွှတ်တော်အမတ်တွေကြား ပြေလည်မှုရမယ့် အလားအလာ မရှိသေးပါဘူး။

နိုင်ငံတောင်းပိုင် လုံခြုံရေးအတွက် နယ်စပ်လုံခြုံရေးနဲ့ တံတိုင်းတခု အလွန်အမင်းလိုအပ်နေတာ Democrat တွေသဘောပေါက်ကြပြီလားလို့ သမ္မတက ဒီကနေ့မနက်က Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။ အစိုးရလုပ်ငန်းတွေရပ်ဆိုင်းနေလို့ ဝန်ထမ်းအများစုလစာမရတာ Democrat တွေကြောင့်လိုလည်း သမ္မတ Trump ကဆိုပါတယ်။

အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်တလျှောက် တံတိုင်း ကာရံဖို့အတွက် သမ္မတ Trump တောင်းဆိုထားတဲ့ ဒေါ်လာ ၅ ဘီလျံကျော်ကို အထက်လွှတ်တော်က အတည်မပြုတာကြောင့် အစိုးရယန္တရား လည်ပတ်မှုတချို့ စနေနေ့ထဲက ယာယီ ရပ်ဆိုင်းထားရပါတယ်။ ခုလို အစိုးရ ယန္တရားတချို့ ရပ်နားထားရတာမျိုးကို သမ္မတ Trump က လိုလားနေတာဖြစ်ပြီး လက်ရှိအခြေအနေကို ဘယ်လို ပြေလည်အောင် ဖြေရှင်းရမယ်ဆိုတာကိုလည်း သူ သိပုံမရဘူးလို့ Democrat အမတ်တွေက ဝေဖန် ပြောနေကြပါတယ်။

ယာယီအသုံးစရိတ် ကိစ္စနဲ့ ပါတ်သက်လို့ Republican အမတ်အများစု လွှမ်းမိုးထားတဲ့ အထက်လွှတ်တော်မှာ ဒီကနေ့ ကြာသပတေးနေ့မှာ ဆွေးနွေးဖို့ရှိနေပါတယ်။ အောက်လွှတ်တော်မှာလည်း ဒီကနေ့ ဆွေးနွေးကြဖို့ရှိပေမဲ့ မဲခွဲမယ်လို့ မျှော်လင့်မထားကြနဲ့လို့ Republican ခေါင်းဆောင်တွေက လွှတ်တော်အမတ်တွေကို ပြောကြားထားပါတယ်။ အစိုးရလုပ်ငန်းတချို့ ရပ်ဆိုင်းနေတဲ့ အခြေအနေ အပြောင်းအလဲဖြစ်မယ့် အလားအလာသိပ်မရှိဘူးလို့ နိုင်ငံရေးအကဲခတ်တွေ သုံးသပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG