သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရယန္တရား ဆက်လည်ပတ်ရေး မရေမရာဖြစ်ဆဲ


မက္ကဆီကို နယ်စပ်ကတဆင့် အမေရိကန်ပြည်ထောင်စုထဲကို တရားမဝင် ခိုးဝင်လာသူတွေကို ဟန့်တားနိုင်ရေးအတွက် နယ်စပ် တံတိုင်းတည်ဆောက်ဖို့ သူတောင်းဆိုထားတဲ့ ငွေမပါတဲ့အတွက် သောကြာနေ့ ညသန်းခေါင်အချိန်မှာ အမေရိကန်အစိုးရ ယန္တရားတချို့ ရပ်ဆိုင်းရမယ့်အရေး ရှောင်ရှားနိုင်ဖို့ အထက်လွှတ်တော်က အဆိုပြုထားတဲ့ ကာလတို ဘတ်ဂျက်အဆိုပြုချက်ကို သမ္မတ Donald Trump က လက်မှတ်ထိုးမှာ မဟုတ်ဘူးလို့ ရီပတ်ဘလီကန် လွှတ်တော်အမတ် ခေါင်းဆောင်တွေက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

သမ္မတဟာ နယ်စပ်လုံခြုံရေးကိစ္စအတွက် အင်မတန် စိုးရိမ် ပူပန်နေကြောင်း အိမ်ဖြူတော်မှာ သမ္မတ Trump နဲ့ တွေ့ဆုံပြီး ပြန်ထွက်လာတဲ့အချိန် အောက်လွှတ်တော်ဥက္ကဋ္ဌ Paul Ryan က ပြောပါတယ်။

နယ်စပ်တံတိုင်း တည်ဆောက်ရေးအတွက် သူတောင်းဆိုထားတဲ့ ရန်ပုံငွေ မပါဘဲ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ အစိုးရယန္တရားတွေ ပုံမှန် လည်ပတ်နိုင်ရေးအတွက် အထက်လွှတ်တော်က သဘောတူထားတဲ့ ဘတ်ဂျက် အဆိုပြုချက်ကို အခုအချိန်မှာ လက်မှတ် ရေးထိုး လိုက်ခြင်းဟာ ဒီပြဿနာကို နောင်မှာ ဆက်ပြီး ငြင်းခုန်ကြဖို့ ရက်ရွေ့ဆိုင်းလိုက်တာနဲ့ အလားသဏ္ဍာန် တူနေတယ်လို့ သမ္မတ Trump က ယူဆကြောင်း အောက်လွှတ်တော် လူများစုခေါင်းဆောင် Kevin McCarthy ကလည်း ပြောပါတယ်။

Stopgap funding လို့ခေါ်တဲ့ အစိုးယန္တရားတွေ ရပ်မသွားရေး ကြားကာလအတွက် ထောက်ပံ့ပေးထားမယ့် ဥပဒေ မူကြမ်းအသစ်ကို အောက်လွှတ်တော်ဘက်က ပြန်လည် ရေးဆွဲတဲ့အခါ သမ္မတလိုချင်တဲ့ ဒေါ်လာ ၅ ဘီလီယံ ပါဝင်အောင် ရေးဆွဲသွားမယ်လို့ လွှတ်တော် အမတ်တွေက ပြောပါတယ်။ သမ္မတက အခု တောင်းဆိုနေတဲ့ ဒေါ်လာ ၅ ဘီလီယံဟာ နယ်စပ်တံတိုင်းကြီး တခုလုံး တည်ဆောက်ရေး အတွက် လိုအပ်မယ်လို့ ခန့်မှန်းထားတဲ့ ဒေါ်လာ ၂၀ ဘီလီယံရဲ့ တစိတ် တဒေသလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG