သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဘတ်ဂျက်ပြဿနာ ပြေလည်ရေး အလားအလာမရှိ

အမေရိကန် ဘတ်ဂျက်ပြဿနာ ပြေလည်ရေး အလားအလာမရှိ
အမေရိကန် ဘတ်ဂျက်ပြဿနာ ပြေလည်ရေး အလားအလာမရှိ

အမေရိကန်ပြည်ထောင်စုမှာ ကွန်ဂရက်လွှတ်တော်ရဲ့ ရီပတ်ဘလီကင်နဲ့ ဒီမိုကရက်တစ်ခေါင်းဆောင်တွေ အနေနဲ့ ဒေသစံတော်ချိန် ညသန်းခေါင်မှာ အကျိုးသက်ရောက်စရာရှိတဲ့ Government Shut Down (အစိုးရလုပ်ငန်း ရပ် ဆိုင်းရေး) ကိစ္စကို မဆုံးဖြတ်ခင်မှာ လာမယ့် ဘဏ္ဍာနှစ်အတွက် အစိုးရအသုံးစရိတ် သဘောတူညီမှုရအောင် ဖြေရှင်းနိုင်ကြလိမ့်မယ်လို့ မျှော်လင့်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

လာမယ့်စက်တင်ဘာလမှာ အစိုးရဘဏ္ဍာနှစ် မကုန်ခင် အသုံးစရိတ်ဆိုင်ရာ သဘောမတူညီမှု အကြပ်အတည်းကို ဖြေရှင်းနိုင်ကြဖို့ ကြာသပတေးနေ့က အိမ်ဖြူတော်မှာ အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန် ဘေနာနဲ့ John Boehner လူများစု ဒီမိုကရက်တစ်ခေါင်းဆောင် အထက်လွှတ်တော်အမတ် Harry Reid တို့ သမ္မတက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

ပါတီနှစ်ရပ်ရဲ့ ပူးတွဲကြေညာချက်မှာ မစ္စတာ Boehner နဲ့ မစ္စတာ Reid တို့ ပြဿနာတွေကို တတ်နိုင်သမျှ နည်းသွားအောင် ဖြေရှင်းနိုင်ခဲ့ပြီလို့ အသိအမှတ်ပြု ပြောဆိုခဲ့ကြပါတယ်။ အစိုးရလုပ်ငန်း ရပ်ဆိုင်းမှု ဖြစ်မယ် ဆိုရင် ထောင်ပေါင်းများစွာရှိတဲ့ ဗဟိုအစိုးရ ဝန်ထမ်းတွေ လုပ်ငန်းခွင်က ခေတ္တရပ်နားကြရမှာဖြစ်ပြီးတော့ အစိုးရတပ်ဖွဲ့ဝင်တွေလည်း လစာအပြည့်မရနိုင်ကြဘဲ အမျိုးသားပြတိုက်တွေ၊ ပန်းခြံတွေ ပိတ်ထားရမှုအပါအဝင် အစိုးရရဲ့ ဝန်ဆောင်မှုအများအပြားကို ရပ်ဆိုင်းပစ်ရမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးနာလန်ထူမှုကို ဒီကိစ္စက ထိခိုက်စေနိုင်လိမ့်မယ်လို့ သမ္မတက သတိပေးထားပါတယ်။

This item is part of
XS
SM
MD
LG