သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာစစ်ပွဲရပ်တန့်ရေး ဝိုင်းဝန်းဆောင်ရွက်ဖို့ အီဂျစ်သမ္မတတိုက်တွန်း


တရုတ်သမ္မတရှီကျင့်ဖျင်(ဝဲ) နဲ့ အီဂျစ်သမ္မတ အက်ဘ်ဒဲလ် အယ် စစ္စီတို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာကျင်းပတဲ့ တရုတ်-အာရပ်ပူးပေါင်းပေါင်းဆောင်ရွက်ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ တွေ့ဆုံနှုတ်ဆက်နေကြစဥ်။ (မေ ၃၀၊ ၂၀၂၄)
တရုတ်သမ္မတရှီကျင့်ဖျင်(ဝဲ) နဲ့ အီဂျစ်သမ္မတ အက်ဘ်ဒဲလ် အယ် စစ္စီတို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာကျင်းပတဲ့ တရုတ်-အာရပ်ပူးပေါင်းပေါင်းဆောင်ရွက်ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ တွေ့ဆုံနှုတ်ဆက်နေကြစဥ်။ (မေ ၃၀၊ ၂၀၂၄)

ဂါဇာစစ်ပွဲရပ်တန့်ရေး ဝိုင်းဝန်းဆောင်ရွက်ကြဖို့ အီဂျစ်သမ္မတ Abdel Fattah el-Sissi က နိုင်ငံတကာအသိုင်းအဝိုင်းကို ကြသပတေးနေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဂါဇာဒေသကို ဝိုင်းထားတဲ့အစ္စရေးလ်တပ်တွေ ဖယ်ရှားဖို့၊ လူသားချင်းစာနာမှုအကူအညီတွေချက်ချင်းပေးပို့ဖို့နဲ့ ပါလက်စတိုင်းသားတွကိုအတင်းအကျပ်နေရပ်ပြောင်းတာတွေရပ်ဖို့ နိုင်ငံတကာက ပြတ်ပြတ်သားသားဆောင်ရွက်ကြပါလို့ ထပ်ပြီးတိုက်တွန်းပါတယ်လို့ တရုတ်နိုင်ငံ၊ ဘေဂျင်းက ညီလာခံမှာ အီဂျစ်သမ္မတပြောဆိုသွားတာပါ။ အခြားအာရပ်နိုင်ငံကခေါင်းဆောင်တွေလည်း ညီလာခံကိုတက်ရောက်လာပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ဂါဇာဒေသ လူသားချင်းစာနာမှုအကူအညီအတွက် ဒေါ်လာ ၆၉ သန်းနဲ့ ပါလက်စတိုင်းဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီအတွက် ဒေါ်လာ ၃ သန်း ပေးအပ်မယ်လို့ ကြာသပတေးနေ့မှာကြေညာပါတယ်။ မပြီးဆုံးနိုင်တဲ့စစ်ပွဲဆိုတာမျိုး မဖြစ်သင့်ဘူးလို့လည်း သမ္မတရှီက ပြောခဲ့ပါတယ်။ အစ္စရေးလ်နဲ့ပါလက်စတိုင်းအကျပ်အတည်းဟာ နှစ်နိုင်ငံထူထောင်ရေးဆိုတဲ့ ဖြေရှင်းချက်တရပ်လိုအပ်တယ်ဆိုတဲ့ တရုတ်ရဲ့ရပ်တည်ချက်ကိုလည်း သမ္မတရှီက ပြောကြားသွားပါတယ်။

ဒီအတောအတွင်းမှာပဲ အစ္စရေးလ်တပ်က ပြီးခဲ့တဲ့ရက်မှာ ပစ်မှတ် ၅၀ ကျော်ကို လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ ကြာသပတေးနေ့မှာ ပြောပါတယ်။ ဂါဇာတောင်ပိုင်း၊ ရာဖာမြို့ထဲက Jabaliya ဧရိယာနဲ့ ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်းမှာ မြေပြင်စစ်ဆင်ရေးတွေလုပ်ခဲ့တယ်လို့လည်း အစ္စရေးလ် ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း အစ္စရေးလ်အနေနဲ့ စစ်လွန်ကာလအစီအစဥ်တွေကိုအမြန်ဆုံးရေးဆွဲဖို့လိုအပ်တယ်လို့ ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။ အဲဒီလိုအစီအစဥ်မရှိရင် အခြေအနေတွေ ပရမ်းပတာဖြစ်သွားနိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။

ဂါဇာစစ်ပွဲရပ်တန့်ရေးဝိုင်းဝန်းဆောင်ရွက်ဖို့ အီဂျစ်သမ္မတတိုက်တွန်း
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG