သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဆေးရုံက မွေးကင်းစကလေးငယ် ၃၁ ယောက် ဆေးကုဖို့ အီဂျစ်ကိုရောက်


အစ္စရေးနဲ့ ဟာမတ်စ်စစ်ပွဲကြား ဂါဇာက Al Shifa ဆေးရုံမှာ ပိတ်မိနေတဲ့ မွေးကင်းစကလေးငယ် ၃၁ဦး ကို အီဂျစ် ဆေးအဖွဲ့ဝင်များများက စောင့်ယူသယ်ဆောင်နေစဉ် (နိုဝင်ဘာ ၂၀၊ ၂၀၂၃)
အစ္စရေးနဲ့ ဟာမတ်စ်စစ်ပွဲကြား ဂါဇာက Al Shifa ဆေးရုံမှာ ပိတ်မိနေတဲ့ မွေးကင်းစကလေးငယ် ၃၁ဦး ကို အီဂျစ် ဆေးအဖွဲ့ဝင်များများက စောင့်ယူသယ်ဆောင်နေစဉ် (နိုဝင်ဘာ ၂၀၊ ၂၀၂၃)

အစ္စရေးစစ်တပ်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့ ဂါဇာဆေးရုံကြီးက ရက်မစေ့မွေးကင်းစ ကလေး ၃၁ ယောက် တနင်္လာနေ့မှာ အီဂျစ်နိုင်ငံကို ဘေးကင်းကင်းနဲ့ ရောက်သွားခဲ့ပါပြီ။ ပထမ ဂါဇာဆေးရုံကြီးကနေ ဂါဇာတောင်ပိုင်းက နောက်ဆေးရုံတရုံကို တနင်္ဂနွေနေ့က အရေးပေါ်ရွှေ့ခဲ့ရတာပါ။ အထူးကုသဆောင်က ကလေးတွေကို ဆက်ပြီးနွေးနေအောင် ဆရာဝန်၊ ဆရာမတွေ ဘယ်လိုလုပ်နေရလဲဆိုတဲ့ ပုံရိပ်တွေ အွန်လိုင်းမှာတက်လာပြီးနောက် ဒီသတင်းကို တကမ္ဘာလုံး အာရုံစိုက်နေတာပါ။

ဆေးရုံမှာ လျှပ်စစ်မီးပြတ်တောက်ပြီး အသက်ရှူကူစက်တွေနဲ့ တခြားစက်ပစ္စည်းတွေရပ်ကုန်၊ ရေ၊ အစားအစာနဲ့ ဆေးဝါးတွေ ပြတ်လပ်ကုန်ခဲ့တာပါ။ အခုဆေးရုံကို အစ္စရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်အပြီး ၃ ရက်ကြာတဲ့အထိ ဒဏ်ရာပြင်းပြင်းရထားသူတွေ အဲဒီမှာ ပိတ်မိနေဆဲဖြစ်ပါတယ်။ ဂါဇာဒေသမှာ ပစ္စည်းကိရိယာတွေ အဆင့်အမြင့်ဆုံးနဲ့ နည်းပညာအမြင့်ဆုံး၊ အကြီးဆုံးဆေးရုံကြီးဟာ ခုတော့ စစ်ထိုးခံထားရတဲ့ စစ်တလင်းဖြစ်နေတယ်လို့ ဆေးရုံကို သွားရောက်ကြည့်ရှုခဲ့တဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

အစ္စရေးတပ်ဖွဲ့တွေက ဟာမတ်စ်အဖွဲ့စစ်ဆင်ရေးအတွင်း ဆေးရုံကို နိုဝင်ဘာ ၁၈၊ စနေနေ့က တနာရီကြာ ဝင်ရောက်စီးနင်းခဲ့တာပါ။ ဒီဆေးရုံကို ဟာမတ်စ်က စစ်ရေးကွပ်ကဲရေးရုံးအဖြစ် သုံးနေတယ်လို့ ပြောပြီး အစ္စရေးစစ်တပ် ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။ ဒါကို ဟာမတ်စ်ရော၊ ဆေးရုံဝန်ထမ်းတွေရောက ငြင်းဆိုပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG