သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ အပစ်ရပ်ကြဖို့ အာရပ်နဲ့ မွတ်စလင်နိုင်ငံတွေ တောင်းဆို

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့အတူတွေ့ရတဲ့ အာရပ်နဲ့ မွတ်စလင် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များ (နိုဝင်ဘာ ၂၀၊ ၂၀၂၃)
တရုတ်နိုင်ငံ ပေကျင်းမြို့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့အတူတွေ့ရတဲ့ အာရပ်နဲ့ မွတ်စလင် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များ (နိုဝင်ဘာ ၂၀၊ ၂၀၂၃)

ဂါဇာမှာ အပစ်အခတ်တွေ ရပ်စဲဖို့အတွက် အာရပ်နှင့် မွတ်စလင်ဝန်ကြီးတွေက ဒီနေ့ပဲ တောင်းဆိုလိုက်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ အဆုံးသတ်ရေးနဲ့ ပါလက်စတိုင်းနယ်မြေအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ခွင့်ပြုပေးဖို့အတွက် တွန်းအားပေးတဲ့ ပထမအကျော့ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံ ပေကျင်းမြို့ကို အာရပ်နဲ့ မွတ်စလင် ကိုယ်စားလှယ် အဖွဲ့တွေရောက်ရှိစဉ်မှာပဲ အခုလို တောင်းဆိုလိုက်တာပါ။

"တိုက်ပွဲတွေနဲ့ သတ်ဖြတ်မှုတွေကို ချက်ချင်းရပ်ပစ်ရမယ်၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေကို ဂါဇာကို ချက်ချင်း ပို့ပေးရမယ်။ နောက်ထပ် သွေးထွက်သံယိုမှုတွေ ရပ်တန့်ရမယ်။" လို့ ဆော်ဒီနိုင်ငံခြားရေး ဝန်ကြီး ဖြစ်တဲ့ မင်းသား Faisal Bin Farhan Al Saud ကပြောသွားတာပါ။

ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ ပါလက်စတိုင်းအာဏာပိုင်တွေနဲ့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ဒီနေ့ပဲ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း ပဋိပက္ခဖြစ်ပွားချိန်ကစပြီး တရုတ်နိုင်ငံဟာ ဒီပဋိပက္ခမှာ တရားမျှတမှုကို အခိုင်အမာရပ်တည်နေကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီအဖြစ်ဆိုးမပြန့်ပွားအောင် တားဆီးဖို့ အရေးတကြီးဆောင်ရွက်ရမှာဖြစ်သလို လက်တွေ့ကျပြီး ထိရောက်တဲ့ အစီအမံတွေကို ကျင့်သုံးဖို့ လိုအပ်တယ်လို့လည်း တွေ့ဆုံပွဲမှာ ပြောသွားပါတယ်။

အခုလထဲမှာ ဆော်ဒီအာရေဗျရဲ့ မြို့တော် ရီယာ့ဒ်မှာ ကျင်းပတဲ့ အစ္စလာမ္မစ်-အာရပ် ထိပ်သီးအစည်းအဝေးမှာလည်း ပါလက်စတိုင်းနယ်မြေမှာ အစ္စရေးကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို စွဲချက်တင်နိုင်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဂါဇာမှာ အပစ်ရပ်ကြဖို့ အာရပ်နဲ့ မွတ်စလင်နိုင်ငံတွေ တောင်းဆို
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG