သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးစစ်ရပ်စဲရေး ကန်ဖယ်ဒရယ်ဝန်ထမ်းတချို့ တိုက်တွန်းတောင်းဆို


စစ်ဖြစ်နေတဲ့ ဂါဇာကမ်းမြောင်ဒေသကနေ ထွက်ပြေးနေကြတဲ့ ပါလက်စတိုင်းနိုင်ငံသားများ။ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)
စစ်ဖြစ်နေတဲ့ ဂါဇာကမ်းမြောင်ဒေသကနေ ထွက်ပြေးနေကြတဲ့ ပါလက်စတိုင်းနိုင်ငံသားများ။ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)

ဟားမတ်စ်ဆန့်ကျင်ရေးထိုးစစ်ကို ထောက်ခံတာနဲ့ပတ်သက်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ လွှတ်တော်ဟာ ဖက်ဒရယ် အစိုးရဝန်ထမ်းတွေရဲ့ တောင်းဆိုချက်တွေ နဲ့ မကြုံစဖူး ရင်ဆိုင်နေကြရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနကနေ နာဆာ အာကာသ လေ့လာရေးဌာနအထိ ဖက်ဒရယ်အစိုးရနဲ့ လွှတ်တော်ဝန်ထမ်းတွေဟာ အိပ်ဖွင့်ပေးစာတွေကို လက်မှတ်ထိုးနေကြသလို သတင်းထောက်တွေနဲ့ ပြောဆို၊ အများပြည်သူနဲ့ ဝတ်ပြုဆုတောင်းပွဲတွေမှာ ပါဝင်နေကြတာပါ။ ဒီလိုလုပ်ကြသူတွေက ဟားမတ်စ်နဲ့ အစ္စရေးတိုက်ပွဲမှာ အပစ်အခတ်ရပ်စဲရေး မူဝါဒချမှတ်ဖို့ အမေရိကန်အစိုးရနဲ့ လွှတ်တော်ကို တောင်းဆိုနေကြပါတယ်။

ဖက်ဒရယ်ဌာန ၃၀ ကျော်က ဝန်ထမ်း ၆၅၀ က အိတ်ဖွင့်ပေးစာတစောင်ကို လက်မှတ်ထိုးခဲ့ကြတယ်လို့ အဲဒီအိတ်ဖွင့်ပေးစာအတွက် စည်းရုံးလှုပ်ရှားသူတွေက ပြောကြပါတယ်။ နောက်ပေးစာတစောင်ကိုလည်း အမေရိကန်အစိုးရရဲ့ နိုင်ငံခြား အကူအညီပေးရေးဌာန USAID ဝန်ထမ်း ၁,၀၀၀ ကျော်က လက်မှတ်ရေးထိုးခဲ့ကြတာပါ။

လွှတ်တော်က ကျနော်တို့ဆရာအများစုက သူတို့ကိုယ်စားပြုတဲ့လူထုကို နားမထောင်ကြပါဘူးလို့ လွှတ်တော်ဝန်ထမ်းတယောက်က ဒီလ ဆန္ဒပြပွဲတခုမှာ တက်ရောက်လာသူတွေကို ပြောကြားခဲ့ပါတယ်။ လူထုသဘောထား စစ်တမ်းတွေမှာလည်း သဘောထားတင်းမာတဲ့ အစ္စရေးလကျ်ာအစိုးရအပေါ် စိတ်မချမ်းသာတဲ့သဘောထားတွေ ဖော်ပြလာသူ ပိုများလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG