သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသအတွက် အကူအညီတွေ ကုန်တင်ကားတွေနဲ့ စတင်ပို့ဆောင်


အကူအညီတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားတွေ စတင်ဝင်ရောက်လာနေ
အကူအညီတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားတွေ စတင်ဝင်ရောက်လာနေ

အီဂျစ်-ပါလက်စတိုင်း နယ်စပ်ဂိတ်ကို ဖြတ်စရာမလိုတဲ့ သဘောတူညီချက် ရရှိပြီးတဲ့နောက် ဂါဇာဒေသကို ဒီကနေ့ မေလ ၂၆ ရက်နေ့မှာ အကူအညီတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားတွေ စတင်ဝင်ရောက်လာနေပါပြီ။ ပါလက်စတိုင်းဘက် အခြမ်းမှာရှိတဲ့ Rafah နယ်စပ်ဂိတ်ကို အစ္စရေးတို့က အခုလ အစောပိုင်းမှာ သိမ်းပိုက်လိုက်ပြီးတဲ့နောက် အခုလို အကူအညီတွေ ဝင်ရောက်လာနေတာပါ။

ဒါပေမဲ့ ဒီဒေသမှာ တိုက်ပွဲတွေ ဖြစ်နေစဲမို့ အကူအညီတွေ တကယ်လိုအပ်သူတွေထံ ရောက်မရောက်ဆိုတာကို စာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ စောင့်ကြည့်နိုင်ဖို့ အဆင်ပြေမပြေဆိုတာတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

အစောပိုင်းတုန်းကတော့ နယ်စပ်ဂိတ်ကို ပါလက်စတိုင်းတွေလက်ထဲ လွဲပြောင်းမပေးရင် သူတို့ဘက်က ဖွင့်မပေးဘူးလို့ အီဂျစ်နိုင်ငံက ပြောဆိုနေခဲ့တာပါ။ ရာနဲ့ချီတဲ့ ကုန်တင်ကားတွေကို ဖြတ်သန်းဝင်ရောက်ခွင့်ပြုထားကြောင်း အစ္စရေးက ပြောပေမယ့် အန္တရာယ် များလွန်းတဲ့အတွက် ပါလက်စတိုင်းဘက်မှာ အကူအညီတွေကို သွားယူဖို့ အခက်အခဲရှိနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့အကြားက စစ်ပွဲဟာ အခုဆိုရင် ၈ လထဲကို ရောက်လာနေပြီဖြစ်ပြီး ပါလက်စတိုင်း ကျန်းမာရေးဌာနရဲ့ အဆိုအရ သေဆုံးသူအရေအတွက်ဟာ ၃၆,၀၀၀ နီးပါး ရှိလာနေပြီလို့ ဆိုပါတယ်။ သေဆုံးသူတွေထဲ အရပ်သားနဲ့ ပါလက်စတိုင်းအဖွဲ့ဝင် ဘယ်လောက် ပါတယ်ဆိုတာကိုတော့ ပါလက်စတိုင်း ကျန်းမာရေးဌာနက ခွဲခြား ဖော်ပြခြင်း မရှိပါဘူး။ ဂါဇာ လူဦးရေ ၂.၃ သန်းရဲ့ ၈၀% ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

Forum

XS
SM
MD
LG