သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတောင်ပိုင်း လေကြောင်းတိုက်ခိုက်မှု ပါလက်စတိုင်း ၂၅ ဦးထက်မနည်းသေဆုံး


ဂါဇာအလယ်ပိုင်း Nuseirat အရပ်မှာ ဒုက္ခသည်စခန်းအဖြစ်သုံးထားတဲ့ UN ကဖွင့်ထားတဲ့ကျောင်းကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ထားတဲ့မြင်ကွင်း။ (ဇူလိုင် ၉၊ ၂၀၂၄)
ဂါဇာအလယ်ပိုင်း Nuseirat အရပ်မှာ ဒုက္ခသည်စခန်းအဖြစ်သုံးထားတဲ့ UN ကဖွင့်ထားတဲ့ကျောင်းကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ထားတဲ့မြင်ကွင်း။ (ဇူလိုင် ၉၊ ၂၀၂၄)

ဒုက္ခသည်ခိုလှုံရာစခန်းအဖြစ်ပြောင်းထားတဲ့ ကျောင်းအဆောက်အဦးကို အစ္စရေးကလေကြောင်း တိုက်ခိုက်တာကြောင့် ဂါဇာတောင်ပိုင်းမှာ အင်္ဂါနေ့က ပါလက်စတိုင်း အနည်းဆုံး ၂၅ ယောက် သေဆုံးသွားကြပါတယ်။

ဂါဇာမြောက်ပိုင်းမှာလည်း အစ္စရေးက ပြင်းပြင်းထန်ထန် ဗုံးကြဲနေတဲ့အတွက် ဂါဇာစီးတီးမြို့မှာ ဆေးရုံဆေးခန်းတွေ ပိတ်လိုက်ရပြီး ဒုက္ခသည်ထောင်ပေါင်းများစွာ စစ်ရှောင်ထွက်ပြေးနေကြရပါတယ်။

ကျောင်းအဝင်ကိုထိမှန်တဲ့အတွက် အနည်းဆုံး ၂၅ ယောက်‌သေဆုံးခဲ့ပြီး သူတို့တွေကို ခန်ယူနိစ်မြို့က နာဆာဆေးရုံကို ပို့ခဲ့ပါတယ်။ သေဆုံးကြသူတွေထဲမှာ အမျိုးသမီးနဲ့ကလေး ၇ ယောက် ပါဝင်တယ်လို့ ဆေးရုံပြောရေးဆိုခွင့်ရှိသူ Weam Fares က ပြောပါတယ်။ အစောပိုင်းတုန်းကလည်း ဂါဇာအလယ်ပိုင်းကို အစ္စရေးက လေကြာင်းတိုက်ခိုက်ခဲ့တာကြောင့် ၁၄ ယောက်သေဆုံးခဲ့ပြီး အမျိုးသမီးတယောက်နဲ့ ကလေး ၄ ယောက် ပါဝင်ခဲ့တယ်လို့ သူတို့ကိုလက်ခံ ရရှိခဲ့တဲ့ ဆေးရုံ ၂ ရုံက ပြောပါတယ်။

ဂါဇာစီးတီးမြို့အလယ်ပိုင်းနဲ့ အရှေ့ပိုင်းကနေထွက်ခွါကြဖို့ အစ္စရေးက တနင်္လာနေ့တုန်းကကြေညာခဲ့ပြီးတဲ့နောက် လခြမ်းနီအဖွဲ့က စီမံခန့်ခွဲနေတဲ့ဆေးရုံ ၃ ရုံကို ပိတ်ခဲ့ပါတယ်။ ဂါဇာစီးတီးကဆေးရုံတွေနဲ့ အခြားဆေးဘက်ဆိုင်ရာဌာနတွေ ထွက်ခွါဖို့မလိုဘူးလို့ အစ္စရေးစစ်တပ်က အင်္ဂါနေ့က ပြောပါတယ်။ ဒါပေမဲ့ အစ္စရေးရဲ့ စစ်ရေးစီးနင်းမှုတွေကို စိုးရိမ်တာကြောင့် ဂါဇာကဆေးရုံတွေနဲ့ ဆေးဘက်ဆိုင်ရာဌာနတွေကို မကြာခဏ ပိတ်လေ့ရှိကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG