သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာစစ်ပွဲ ကျယ်ပြန့်လာမယ့်အပေါ် အစ္စရေးကို တူရကီဝေဖန်

အစ္စရေး လက်ဘနွန်နယ်စပ်မှာ အစ္စရေးတိုက်ခိုက်မှုကိုတွေ့ရစဉ် (ဇွန် ၂၆၊ ၂၀၂၄)
အစ္စရေး လက်ဘနွန်နယ်စပ်မှာ အစ္စရေးတိုက်ခိုက်မှုကိုတွေ့ရစဉ် (ဇွန် ၂၆၊ ၂၀၂၄)

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဂါဇာစစ်ပွဲ ပိုကျယ်ပြန့်ပြီး ဒေသအတွင်း ကူးစက်လာအောင် လုပ်လာနေတဲ့အပေါ် တူရကီသမ္မတ Recep Tayyip Erdogan က ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့မှာ ဝေဖန် ပြောကြားလိုက်ပါတယ်။

အစ္စရေးက လက်ဘနွန်ကို တိုက်ခိုက်ဖို့ပြင်ဆင်နေတာကို တွေ့လာရပြီး အနောက်အုပ်စုနိုင်ငံတွေဟာ အစ္စရေးရဲ့လုပ်ရပ်ကို လျစ်လျူရှုထားရုံတင်မကဘဲ အားပေးအားမြှောက်လုပ်တာတွေပါ ရှိတယ်လို့လည်း တူရကီသမ္မတက ဝေဖန်ခဲ့တာပါ။

ဂါဇာမှာ ဟာမတ်စ်အဖွဲ့နဲ့တိုက်နေတဲ့ စစ်ပွဲတွေရဲ့ အရှိန်အမြင့်ဆုံးကာလကို ကျော်လွန်သွားပြီလို့ အစ္စရေးဝန်ကြီးချုပ်က မကြာသေးခင်ကဘဲ ပြောကြားခဲ့ပြီး Hezbollah အဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်နေတဲ့ နိုင်ငံမြောက်ပိုင်း လက်ဘနွန်နယ်စပ်ကို သူတို့ တပ်ဖွဲ့တွေကို စေလွှတ်မယ်လို့ ပြောပါတယ်။ အဲဒီလို စစ်မျက်နှာ ပြောင်းလဲတဲ့လုပ်ရပ်ဟာ ခုခံကာကွယ်ရေးအတွက် ဖြစ်တယ်လို့လည်း ပြောပါတယ်။

အစ္စရေး-ဟာမတ်စ် ပဋိပက္ခက ဒေသတွင်းကို ကူးစက်လာအောင် မလုပ်ဆောင်ဖို့ အမေရိကန်အရာရှိတွေက အစ္စရေးကို သတိပေး ပြောဆိုနေပါတယ်။ အစ္စရေးနဲ့ Hezbollah အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ အရှိန်မြင့်လာခဲ့ရင် ဒေသတွင်းစစ်ပွဲအဖြစ် အသွင်ပြောင်းသွားနိုင်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Austin Lloyd က အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant ကို ပြောကြားလိုက်ပါတယ်။ ဒီကိစ္စကို သံတမန်ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အမေရိကန်ကို ရောက်နေတဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီးကို အမေရိကန်ကာကွယ်ရေးဝန်ကြီးက မနေ့ အင်္ဂါနေ့မှာ ပြောကြားလိုက်တာပါ။

ဂါဇာစစ်ပွဲ ကျယ်ပြန့်လာမယ့်အပေါ် အစ္စရေးကို တူရကီဝေဖန်
please wait

No media source currently available

0:00 0:00:46 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG