သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးတိုက်ခိုက်မှုကြောင့် ဟာမတ်စ်နိုင်ငံရေးအဖွဲ့ခေါင်းဆောင် မိသားစုဝင်တွေသေဆုံး

ဟာမတ်စ်အဖွဲ့ရဲ့ ကာတာအခြေစိုက် နိုင်ငံရေးဌာန အကြီးအကဲ Ismail Haniyeh ရဲ့ မိသားစုနေအိမ်အပျက်အစီးများကိုတွေ့ရစဉ် (ဇွန် ၂၅၊ ၂၀၂၄)
ဟာမတ်စ်အဖွဲ့ရဲ့ ကာတာအခြေစိုက် နိုင်ငံရေးဌာန အကြီးအကဲ Ismail Haniyeh ရဲ့ မိသားစုနေအိမ်အပျက်အစီးများကိုတွေ့ရစဉ် (ဇွန် ၂၅၊ ၂၀၂၄)

ဂါဇာမြောက်ပိုင်းမှာ အစ္စရေးဘက်က ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုတခုကြောင့် ဟာမတ်စ်အဖွဲ့ရဲ့ ကာတာအခြေစိုက် နိုင်ငံရေးဌာန အကြီးအကဲ Ismail Haniyeh ရဲ့ မိသားစုဝင် ၁၀ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း တာဝန်ရှိသူတွေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။

တိုက်ခိုက်မှုဟာ ဂါဇာမြို့ အနောက်ဘက်မှာရှိတဲ့ Shati ဒုက္ခသည်စခန်းမှာရှိတဲ့ နေအိမ်တလုံးကို ထိမှန်ခဲ့တာပါ။ ဟာမတ်စ်နိုင်ငံရေးဌာန အကြီးအကဲဖြစ်သူရဲ့ သား ၃ ဦးဟာလည်း ဂါဇာစစ်ပွဲ အစောပိုင်းမှာ သေဆုံးခဲ့ကြပါတယ်။

အစ္စရေးစစ်တပ်ကတော့ အောက်တိုဘာ ၇ ရက် အစ္စရေးအပေါ် တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူ ဟာမတ်စ်စစ်သွေးကြွတွေ အသုံးပြုနေတယ်လို့ဆိုတဲ့ ဂါဇာမြောက်ပိုင်း Shati ဒုက္ခသည်စခန်းနဲ့ တခြားနေရာက အဆောက်အဦတွေကို ပစ်မှတ်ထား လေကြောင်းကတိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။

တချိန်တည်းမှာပဲ ရှေးရိုးစွဲ Orthodox ဂျုးဘာသာရေးကျောင်းက ‌ကျောင်းသားတွေ စစ်မှုထမ်းဖို့ အစ္စရေးတရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။ တရားရုံးချုပ် ဆုံးဖြတ်ချက်ကြောင့် Orthodox နိုင်ငံရေးပါတီ ၂ ခုရဲ့ ထောက်ခံမှုကို အားထားနေတဲ့ ဝန်ကြီးချုပ် Benjamin Netanyahu အစိုးရအတွက်လည်း ဖိအားတွေ ဖြစ်လာခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG