သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာစစ်ပွဲ ရပ်ဆိုင်းရေး အမေရိကန် သောင်းနဲ့ချီဆန္ဒပြ


ဝါရှင်တန်ဒီစီမှာရှိတဲ့ သမ္မတအိမ်ဖြူတော်ကို လှည့်ပတ်ပြီး ပါလက်စတိုင်းသားတွေအတွက် စာနာ ဆန္ဒပြနေသူများ (June 8, 2024_Photo by Mandel NGAN / AFP)
ဝါရှင်တန်ဒီစီမှာရှိတဲ့ သမ္မတအိမ်ဖြူတော်ကို လှည့်ပတ်ပြီး ပါလက်စတိုင်းသားတွေအတွက် စာနာ ဆန္ဒပြနေသူများ (June 8, 2024_Photo by Mandel NGAN / AFP)

လူ သုံးသောင်းလောက် ပါဝင်တယ်လို့ အမေရိကန်မီဒီယာတွေက ခန့်မှန်းထားတဲ့ အစ္စရေးရဲ့ ဂါဇာစစ်ပွဲကို ဆန့်ကျင်ကြတဲ့ ဆန္ဒပြသူတွေဟာ ဝါရှင်တန်ဒီစီမြို့တော် သမ္မတော်အိမ်ဖြူတော် ကို မွန်းတည်းချိန်လောက်မှာ ရောက်ရှိ စုဝေးခဲ့ကြသလို မြို့တော်ရဲ့ နေရာအနှံ့အပြားမှာလည်း ချီတက် ဆန္ဒထုတ်ဖော်ကြပါတယ်။

ဂါဇာမှာ စစ်ပွဲနဲ့ အစ္စရေးအပေါ် အမေရိကန်က ထောက်ခံမှုနေတာကို ရပ်တန့်ဖို့ တောင်းဆိုတဲ့ ပါလက်စတိုင်း ထောက်ခံသူ သောင်းနဲ့ချီဟာ အမေရိကန် သမ္မတအိမ်ဖြူတော်ကို ဝိုင်းဝန်း လှည့်လည်ပြီး စနေနေ့ (ဇွန် ၈ ရက်) က ဆန္ဒပြခဲ့ကြပါတယ်။

လူ သုံးသောင်းလောက် ပါဝင်တယ်လို့ အမေရိကန်မီဒီယာတွေက ခန့်မှန်းထားတဲ့ အစ္စရေးရဲ့ ဂါဇာစစ်ပွဲကို ဆန့်ကျင်ကြတဲ့ ဆန္ဒပြသူတွေဟာ ဝါရှင်တန်ဒီစီမြို့တော် သမ္မတော်အိမ်ဖြူတော် ကို မွန်းတည်းချိန်လောက်မှာ ရောက်ရှိ စုဝေးခဲ့ကြသလို မြို့တော်ရဲ့ နေရာအနှံ့အပြားမှာလည်း ချီတက် ဆန္ဒထုတ်ဖော်ကြပါတယ်။ အဖမ်းအဆီးနဲ့ ထိခိုက်မှုသတင်းတွေကိုတော့ တရားဝင် အတည်ပြု ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။


အာဏာပိုင်တွေဘက်က ဆန္ဒပြပွဲမတိုင်မီ အိမ်ဖြူတော်တဝိုက်ကို လုံခြုံရေး တင်းကျပ်ထားပြီး ထပ်ဆောင်း အတားအဆီးတွေ ချထားပါတယ်။ X လူမှုကွန်ရက်က ဗွီဒီယို တခုမှာတော့ ဆန္ဒပြ လူအုပ်ထဲက အမျိုးသမီးတယောက်ကို ရဲက ဖမ်းဆီးခဲ့ချိန်မှာ ဘေးက သူ့ကိုလွှတ်ဖို့ ဟစ်အော်နေတာကို မြင်ရပါတယ်။ ရဲတပ်ဖွဲ့ဘက်ကလည်း နံပါတ်တုတ်တွေ အသုံးပြုတာကို မြင်ရပါတယ်။ X ဆိုရှယ်မီဒီယာက တခြားဗီဒီယိုတွေထဲမှာတော့ ဆန္ဒပြသူတချို့က အိမ်ဖြူတော်မြက်ခင်းပြင်ထဲကို မီးခိုးဗုံးတွေ ပစ်ချခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

ဆန္ဒပြသူတွေဟာ “ဘိုင်ဒန်ကို သည်ဟိဂ် (The Hague)မှာ မြင်ရဖို့ ငါတို့ မစောင့်နိုင်တော့ဘူး” လို့လည်း ကြွေးကြော်ကြပါတယ်။ သည်ဟိဂ် ဆိုတာက စစ်ရာဇ၀တ်မှုတွေကို တရားစွဲဆိုတဲ့ နိုင်ငံတကာ ရာဇ၀တ်တရားရုံး အခြေစိုက်ရာ နယ်သာလန်နိုင်ငံက မြို့ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာပါဝင်တဲ့ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တခုဖြစ်တဲ့ “Answer Coalition” ဆိုတဲ့ အဖွဲ့ဝင်တွေဟာ ၂ မိုင်အရှည် ရှိတဲ့ အနီရောင် စာတန်းရှည်ကြီးကို စစ်ဆန့်ကျင်ရေးအဖြစ် ထုတ်ဖော်ပြသခဲ့ကြပါတယ်။

ဒါက ဂါဇာတောင်ပိုင်းက ပါလက်စတိုင်း အရပ်သား အများအပြား ပိတ်မိနေတဲ့ ရာဖာကို အစ္စရေးက ထိုးစစ်ဆင်ဖို့ သမ္မတဘိုင်ဒင်က ခွင့်ပြုသလို ဖြစ်ခဲ့တာက နောက်ပြန်ဆုတ်လို့ မရတဲ့ အမှား “အနီရောင်မျဥ်း” ကို ကျော်ဖြတ်လိုက်တာ ဆိုပြီး သရုပ်ဖော်ကြတာ ဖြစ်ပါတယ်။ အဲဒီ အနီစာတမ်းရှည်ကြီးက “အောက်တိုဘာ ၇ ရက်နောက်ပိုင်း ဂါဇာမှာ အစ္စရေး သတ်ဖြတ်ခဲ့တဲ့ ပါလက်စတိုင်း ၄၀,၀၀၀ ကျော်ကို စာရင်း ပြုစုထားတာ” ဆိုပြီး Answer Coalition”အဖွဲ့က သူ့ရဲ့ လူမှုကွန်ရက် X မှာ ကြေညာပါတယ်။

CODEPINK အမည်နဲ့ တက်ကြွလှုပ်ရှားသူတွေအဖွဲ့အပြင် အမေရိကန်အစ္စလာမ္မစ် ဆက်ဆံရေးကောင်စီတို့ကလည်း ဂါဇာမှာ ၈ လကြာနေပြီဖြစ်တဲ့ အစ္စရေးစစ်ပွဲအတွင်း ငတ်မွတ်ခေါင်းပါးမှု၊ ပျက်စီးဆုံးရှုံးမှုတွေကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကြီး ဖြစ်နေတာကို ထုတ်ဖော်နိုင်ဖို့အတွက် ဂါဇာစစ်ပွဲ ၈ လ ပြည့် အထိမ်းအမှတ် စနေနေ့မှာ ဆန္ဒထုတ်ဖော်ကြပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ပြင်သစ်နိုင်ငံကို ရောက်နေလို့ လောလောဆယ် အိမ်ဖြူတော်မှာ မရှိပါဘူး။ ဂျိုးဘိုင်ဒန်နဲ့ အိမ်ဖြူတော်ရဲ့ အရင်က ထုတ်ပြန်ချက်တွေထဲမှာတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒထုတ်ဖော်တာကို ထောက်ခံပေမယ့် “မငြိမ်မသက်မှုတွေ” နဲ့ အကြမ်းဖက်မှုတွေကို ခွင့်ပြုမှာမဟုတ်ကြောင်း သတိပေးထားပါတယ်။

Forum

XS
SM
MD
LG