သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ဒုက္ခသည်စခန်းမှာ ၃၅ ဦး သေဆုံး


ပါလက်စတိုင်းဒုက္ခသည်စခန်းတခုကို အစ္စရေး တိုက်ခိုက်ခဲ့အပြီးတွေ့ရစဉ် (မေ ၂၇၊ ၂၀၂)
ပါလက်စတိုင်းဒုက္ခသည်စခန်းတခုကို အစ္စရေး တိုက်ခိုက်ခဲ့အပြီးတွေ့ရစဉ် (မေ ၂၇၊ ၂၀၂)

Rafah မှာရှိတဲ့ ပါလက်စတိုင်းဒုက္ခသည်စခန်းတခုကို အစ္စရေးက တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၃၅ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ ငရဲတမျှ ဆိုးရွားတဲ့ အခြေအနေအဖြစ် ဂါဇာက ပါလက်စတိုင်းဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကုလသမဂ္ဂအေဂျင်စီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

Rafah မှာရှိတဲ့ ဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုကနေ ထွက်လာတဲ့သတင်းတွေဟာ အင်မတန် ကြောက်မက်ဖွယ်ကောင်းကြောင်းနဲ့ လူအများအပြား သေဆုံးသွားတဲ့အထဲ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း ပါဝင်ကြောင်း ကုလသမဂ္ဂအေဂျင်စီ UNRWA က ပြောပါတယ်။ တနင်္ဂနွေနေ့က တိုက်ခိုက်မှုနဲ့ပတ်သက်လို့ သူတို့ဘက်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်းနဲ့ တိုက်ခိုက်မှုအတွင်း အကြီးတန်း ဟာမတ်စ်အရာရှိ ၂ ဦးလည်း သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်တဲ့သူတွေ နေထိုင်ရာတဲတွေမှာ မီးလောင်မှုဖြစ်ခဲ့ပြီး၊ သေဆုံးသူတွေအပြင် ဒါဇင်နဲ့ချီတဲ့သူတွေလည်း ထိခိုက် ဒဏ်ရာရခဲ့ကြတယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အစ္စရေးစစ်တပ်ကတော့ တိတိကျကျ ပစ်မှတ်ထားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်ကြောင်းနဲ့ ပါလက်စတိုင်းဒေသ၊ အနောက်ဘက်ကမ်းခြေဆိုင်ရာ ဟာမတ်စ်အဖွဲ့ရဲ့ ဝန်ထမ်းရေးရာ အကြီးအကဲ Yassin Rabina လည်း သေဆုံးခဲ့ကြောင်း ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အပစ်ရပ်ရေး ဆွေးနွေးမှုတွေနဲ့ ဂါဇာမှာဖမ်းခံထားရတဲ့ ဓားစာခံတွေ ပြန်လွှတ်ရေးတို့အတွက် အခက်အခဲဖြစ်စေနိုင်တယ်လို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG